4 ထိမ်းမြားခြင်းအမှုဟို လူတိုင်း လေးစားကြရမယ်၊ ဖိုးအိုနဲ့ ပေါင်အိုမဟ တဦးဟို တဦး သစ္စာဆိရမယ်။ ဘုရားသခင်ဟ မတရားမေထုန်ဟို ပြုသောသူနဲ့ အိုင်ထောင်ရေး ဖောက်ပြန်သောသူဟို တရားစီရင်လိမ့်မယ်။
5 အသက်ဆှင် နေထိန်မှုတွင် ပိတ်ဆန်ဟို တပ်မက်ခြင်း မဆိဘဲ မိမိနှိုက် ဆိသောအရာနဲ့ ရောင့်ရဲကြလော့။ 6 အဲကျောန့်
7 ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟို နင်လို့အား ဟောပြောခဲ့လဲ့ နင်လို့ရဲ့ ခေါင်းဆောင်များဟို သတိရကြလော့။ သူလို့ရဲ့ အသက်ဆှင် နေထိန်မှုမှ ပေါ်ထွက်လာလဲ့ အကျိုးတရားဟို ကျေ့ရှုဆင်ခြင်လျက် သူလို့ရဲ့ ယုံကြည်ခြင်းဟို အတုယူကြလော့။ 8 ယေရှု ခရစ်တော်ဟ မနေ့၊ ခနေ့နဲ့ နောင်ကာလ အစဉ်အမြဲ ပြောင်းလဲခြင်း မဆိ။ 9 ထူးခြားသော သွန်သင်ချက် အမျိုးမျိုးနောက်ဟို လိုက်ပါ မသွားကြနဲ့။ အကျောန်းမှာ စားစရာအားဖြင့် မဟုတ်ဘဲ ကျေးဇူးတော်အားဖြင့် စိတ်နေလုံးဟို တည်မြဲစေခြင်းဟ ကောင်းမြတ်အယ်။ စားစရာအားဖြင့် အသက်ဆှင် ဆှောက်လှမ်းသောသူလို့ဟ အကျိုးဟို မရဆိကြပေ။
10 ငါလို့တွင် ယဇ်ပလ္လင်တခု ဆိအယ်။ တဲတော်ဝတ်ဟို ပြုသောသူလို့ဟ အဲယဇ်ပလ္လင်ပေါ်မှ ပူဇော်သကာဟို စားခွင့် မဆိ။ 11 အကျောန်းမှာ ယဇ်ပုရောဟိတ်မင်းဟ တိရစ္ဆာန်လို့ရဲ့ အသွေးဟို အပစ်ဖြေရာယဇ်အဖြစ် အသန့်ဆှင်းဆုံး ဌာနထဲဟို သယ်ဆောင်သွားသော်လည်း ယဇ်ကောင်လို့ရဲ့ ကိုယ်ဟ စခန်းအပြင်နှိုက် မီးရှို့ရအယ်။ 12 အဲကျောန့် ယေရှုဟလည်း မိမိရဲ့ အသွေးအားဖြင့် လူလို့ဟို သန့်ဆှင်းစေရန် မြို့ထင်ခါး အပြင်နှိုက် အသေခံအယ်။ 13 အဲလိုမို့ ငါလို့ဟ ကိုယ်တော် ခံခဲ့သော ကဲ့ရဲ့ပစ်တင်ခြင်းဟို ဆောင်ယူပင်း စခန်းအပြင်ဟို ထွက်ယွေ့ ကိုယ်တော်ဆေဟို သွားကြကုန်စို့။ 14 အကျောန်းမှာ ဟေလောကနှိုက် ငါလို့အတွက် တည်မြဲသောမြို့ မဆိ၊ အားပေမဲ့ နောက်လာမဲ့ မြို့ဟိုသာ ငါလို့ ကြိုးစား ဆှာဖွေနေကြအယ်။ 15 အဲလိုမို့ ငါလို့ဟ ကိုယ်တော်ဟို ငါလို့ရဲ့ သခင်အဖြစ် ဝန်ခံသောနှုတ်များဖြင့် ဂုဏ်တော်ချီးမွန်းခြင်း ယဇ်ဟို ယေရှုအားဖြင့် ဘုရားသခင်အား အစဉ်မပြတ် ပူဇော်ကြလော့။ 16 ကောင်းသောအမှုဟို ပြုခြင်းနဲ့ ဝေမျှခြင်းလို့ဟိုလည်း မမေ့လျော့ကြနဲ့၊ အကျောန်းမှာ အဲလိုယဇ်မျိုးဟို ဘုရားသခင် နှစ်သက်အယ်။
17 နင်လို့ ခေါင်းဆောင်များရဲ့ စကားဟို နားထောင်ကြလော့။ သူလို့ပြောလဲ့အတိုင်း ပြုကြလော့။ သူလို့ဟ မိမိလို့ ပြုလဲ့အမှုဟို ဘုရားသခင်အား အစီရင်ခံရမယ် ဖြစ်ယွေ့ နင်လို့ရဲ့ စိတ်ဝိညာဉ်ဟို နေ့ရောညပါ ကျေ့ရှုစောင့်ဆှောက်လျက် နေကြအယ်။ နင်လို့ဟ သူလို့စကားဟို နာခံလျက် သူလို့ ရွှင်လန်းဝမ်းမြောက်စွာ လုပ်ဆောင်ကြလိမ့်မယ်၊ အားမဟုတ်ရင် သူလို့ ဝမ်းနည်းရကြသဖြင့် နင်လို့တွင် စလိုမှ အကျိုးဆိလိမ့်မယ် မဟုတ်။
18 ငါလို့အတွက် ဆုတောင်းပေးကြလော့။ အကျောန်းမှာ ငါလို့နှိုက် ကြည်လင်သော အသိစိတ် ဆိကြတာဟု ငါလို့ ယုံကြည်စိတ်ချလျက် အရာရာနှိုက် လျောက်ပတ်စွာ အသက်ဆှင်နေထိန်ရန် အလိုဆိကြအယ်။ 19 ငါဟ နင်လို့ဆေဟို လျင်မြန်စွာ ပြန်ရောက်နိန်မဲ့အကျောန်း ဆုတောင်းပေးရန် အထူး တိုက်တွန်းအယ်။
24 နင်လို့ရဲ့ ခေါင်းဆောင်အပေါင်းနဲ့ ဘုရားသခင်ရဲ့ လူစုတော် ဆိသမျှလို့အား နှုတ်ဆက်လိုက်ကျောန်း ပြောပြလော့။ ဣတလိပြေမှ ညီအကိုလို့ဟလည်း နင်လို့အား နှုတ်ဆက်လိုက်အယ်။
25 ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို နင်လို့အားလုံး ခံစားရကြပါစေ။
<- ဟေဗြဲ 12- a အသွေးတော်၊ အဲဟာမဟုတ်ရင် ယဇ်ပူဇော်သော သေခြင်း။
Languages