ဂလာတိ ဂလာတိ အသင်းတော်ဟို ပေါလုရဲ့ပေးစာ နိဒါန်း ဂလာတိ အသင်းတော်ဟို ပေါလုရဲ့ ပေးစာ အား တမန်တော် ပေါလုမှ ရေးသားခဲ့အယ် (၁.၁)။ ခရစ်တော်မွေးဖွားပင်း ၄၈ မှ ၅၇ ခုနှစ်ကြားတွင် ဂလာတိ အသင်းတော်များဆေဟို ပေါလုရေးခဲ့သော စာဖြစ်အယ်။ ဂလာတိလူလို့ဟ ရောမဆိ ဂလာတိမြို့တွင် နေထိန်ကြသူများ ဖြစ်နိန်အယ်။ ပေါလုဟ စာဟို ရေးသောအခါ စလိုနေရာတွင် ဆိတာကို ပညာဆှင်များဟ မသေချာပေမဲ့ ဧဖက်မြို့နဲ့ ကောရိန့်မြို့များဟ ဖြစ်နိန်လဲ့နေရာ နေခုဖြစ်အယ်။ ပေါလုဟ ဂလာတိဆိ အသင်းတော်များတွင် ယုဒလူမျိုးနဲ့ ယုဒမဟုတ်သော ခရစ်ယာန်များကို မိန့်ခွန်းပြောရန် စာရေးခဲ့အယ်။ ခရစ်ယာန်များဟ ဓမ္မဟောင်းကျမ်းမှ ယုဒဥပဒေများဟို အထူးသဖြင့် အရေဖျားလှီးဖြတ်ရန် လိုအပ်တာဟု မားယွင်းသော သွန်သင်ချက်ဟို ရင်ဆိုင်ရန် အထူးရေးသားခဲ့အယ်။ ယုဒမဟုတ်သော ခရစ်ယာန်များကို အရေဖျားလှီးရန် တောင်းဆိုနေသော ခရစ်ယာန်ဘာသာဝင်များထဲတွင် ယုဒအဖွဲ့ဝင် ဟု ခေါ်သော လူတစုဆိအယ်။ ပေါလုရဲ့ တမန်တော်များ အခွင့်အာဏာကိုလည်း မေးခွန်းထုတ်ခဲ့အယ်။ ပေါလုဟ သူရဲ့ အဖြစ်အပျက်အချို့ကို ပြောပြခြင်းဖြင့် သူရဲ့ တမန်တော်ဖြစ်ခြင်းကို ကာကွယ်ခဲ့အယ် (၁.၁၁—၂.၁၄)၊ အားပင်း ယေရှုခရစ်ဟို ယုံကြည်ခြင်းအားဖြင့်သာ ကယ်တင်ခြင်း ရဆိနိန်ကျောန်း ဆှင်းပြခြင်းဖြင့် ဧဝံဂေလိတရားကို ခုခံကာကွယ်ခဲ့အယ် (၂.၁၆)။ အေးဟာဟ လူလို့ လုပ်ဆောင်လဲ့အရာ မဟုတ်ဘဲ ဘုရားသခင် ဖွင့်ပြသော ကရုဏာကျောန့် ဖြစ်အယ်။ အကျောန်းအရာ အကျဉ်းချုပ် ၁။ ပေါလုဟ ဂလာတိဆိ အသင်းတော်များကို နှုတ်ဆက်ခြင်းဖြင့် သူရဲ့ စာဟို စတင်ခဲ့အယ် (၁.၁–၅) ၂။ အေးနောက်၊ ပေါလုဟ သူရဲ့ မန်ကန်တဲ့ သွန်သင်ပိုင်ခွင့်ကို ကာကွယ်ရန် သူရဲ့ ကိုယ်ပိုင်နောက်ခံ အချို့ကို ဆှင်းပြထားပင်း တရားဥပဒေနဲ့အညီ နေထိန်ဖို့ ကြိုးစားခဲ့ပေမဲ့ အလုပ်မဖြစ်ဘူးဆိုတာ ပြသခဲ့အယ် (၁.၆—၂.၂၁) ၃။ အဲပင်းနောက်၊ ကယ်တင်ခြင်းနှိုက် ဆိသော ကျေးဇူးတော်နဲ့ ပညတ်တရားရဲ့ အခန်းကဏ္ဍကို ထပ်လောင်း ဆှင်းပြအယ် (၃.၁—၄.၃၁) ၄။ အေးနောက်၊ ကောင်းမွန်သော ခရစ်ယာန် အသက်တာအတွက် ယေဘုယျ ညွှန်ကြားချက် အချို့ကို သူပေးအယ် (၅.၁—၆.၁၀) ၅။ ပေါလုဟ သူရဲ့ စာဟို နှုတ်ခွန်းဆက်စကားဖြင့် အပီးသတ်ပင်း ဘုရားသခင်မှ လူသစ်အဖြစ်သို့ ပြောင်းလဲခြင်း ခံရခြင်းဟ အရေဖျားလှီးခြင်းလိုမျိုးသော ပြင်ပ စည်းမျဉ်းများထက် ရမ်းဆာ့ အရေးကြီးကျောန်း သတိရရန် နောက်ဆုံး တောင်းပန်အယ် (၆.၁၁–၁၈)
10 ငါအခု လူတွေရဲ့ သဘောတူညီချက်ဟို ရယူဖို့ ကြိုးစားနေသလော အဲဟာမဟုတ်ရင် ဘုရားသခင်ရဲ့ သဘောတူညီချက်ဟို ရယူဖို့ ကြိုးစားနေသလော၊ အဲဟာမဟုတ်ရင် ငါလူလို့ဟို နှစ်သက်အောန် ကြိုးစားနေသလော။ ငါဟ လူတွေဟို နှစ်သက်အောန် ကြိုးစားနေသေးရင်၊ ငါဟ ခရစ်တော်ရဲ့ အစေခံဖြစ်မယ် မဟုတ်ပါ။
13 [b]ယုဒဘာသာဟို ကိုးကွယ်တဲ့အခါ ငါစလို နေထိန်ခဲ့အယ်ဆိုတာ နင့်ဟို ပြောဖူးအယ်။ ငါဟ ဘုရားသခင်ရဲ့ အသင်းတော်ဟို သနားညှာတာမှု မဆိဘဲ စလို နှိပ်စက်ညှဉ်းဆဲပင်း ဖျက်ဆီးရန် အကောင်းဆုံး ကြိုးစားခဲ့အယ်။ 14 [c]ငါဟ ယုဒဘာသာတရားနှိုက် ငါလူမျိုးထဲဆိ သက်တူရွယ်တူများထက် ပိုယွေ့ ငါလို့ဖိုးဖေးလို့ရဲ့ စလေ့ထုံးတမ်းများနဲ့ ပတ်သက်ယွေ့ ရမ်းဆာ့ စိတ်အားထက်သန်ခဲ့တာဟိုလည်း နင်လို့ ကြားသိထားအယ်။
15 [d]အဲလိုလဲ ဘုရားသခင်ဟ ငါ့ဟို မမွေးခင်ကပင် ကျေးဇူးတော်အားဖြင့် ရွေးချယ်ခဲ့ပင်း ငါ့ဟို သူရဲ့အစေခံရန် ခေါ်ခဲ့အယ်။ အားပင်း သူဆုံးဖြတ်သောအခါ 16 မိမိရဲ့ သားတော်အကျောန်းဟို လူမျိုးခြားလို့တွင် ဟောပြောစေရန်အတွက် အေးသားတော်ဟို ငါ့အား ဖော်ပြရန် အလိုဆိသောအခါ ငါဟ အသွေးအသားနဲ့ တိုင်ပင်ခြင်းဟို မပြု။ 17 ငါ့ဆေ့မှာ တမန်တော်ဖြစ်တဲ့ သူတွေဟို တွေ့ဖို့ ယေရုရှလင်မြို့ဟို ငါသွားမဲ့အစား ငါ အာရေဗျပြေဟို ခုတင်ချင်း သွားခဲ့အယ်။ အဲပင်းရင် ငါဟ ဒမာသက်မြို့ဟို ပြန်လာခဲ့အယ်။ 18 [e]သုံးနှစ်ကြာပင်းနောက် ပေတရုနဲ့ ရင်းနှီးကျွမ်းဝင်ရန် ယေရုရှလင်မြို့ဟို တက်သွားခဲ့ပင်း ငါဟ သူနဲ့အတူ ဆယ့်ငါးရက် နေခဲ့အယ်။ 19 ဘုရားသခင်ရဲ့ ညီယာကုပ်ဟ လွဲပင်း တခြားသော တမန်တော်များ[f]ဟို ငါမမျော်ခဲ့။
20 ငါရေးတာဟ အမန်ဖြစ်အယ်။ ငါမဝါဘူး ဆိုတာ ဘုရားသခင် သိအယ်၊
21 အေးနောက် ရှုရိပြေနဲ့ ကိလိကိပြေမှာဆိလဲ့ နေရာများဟို သွားခဲ့အယ်။ 22 အေးအချိန်တွင် ခရစ်တော်နှိုက်ဆိသော ယုဒပြေဆိ အသင်းတော်များဟ ငါအား ပုဂ္ဂိုလ်ရေးအရ မသိပေ။ 23 “မခင်ဟ ငါလို့ဟို ညှဉ်းဆဲခဲ့သောသူဟ တချိန်ဟ သူဖျက်ဆီးရန် ကြိုးစားခဲ့သော ယုံကြည်ခြင်းဟို အခု ဟောပြောနေအယ်” ဟု သူများတွေပြောတာဟို သူလို့ သိကြအယ်။ 24 အေးကျောန့် သူလို့ဟ ငါ့ကျောန့် ဘုရားသခင်ဟို ချီးမွန်းကြအယ်။
ဂလာတိ 2 ->- a ခရစ်တော်ရဲ့ ကျေးဇူးတော်အားဖြင့်၊ တချို့ လက်ရေးမူကျမ်းများတွင် သူရဲ့ ကျေးဇူးတော်အားဖြင့်၊ ဟူယွေ့ ပါဆိအယ်။
- b တ ၈.၃; ၂၂.၄,၅; ၂၆.၉–၁၁
- c တ ၂၂.၃
- d တ ၉.၃–၆; ၂၂.၆–၁၀; ၂၆.၁၃–၁၈
- e တ ၉.၂၆–၃၀
- f ညီယာကုပ်ဟ လွဲပင်း တခြားသော တမန်တော်များ၊ အဲဟာမဟုတ်ရင် အခြားသော တမန်တော်၊ ငါမျော်လိုက်ရတာဟ တဦးတည်းသောသူဟတော့ ယာကုပ်ဖြစ်အယ်။
Languages