ဧဖက် ဧဖက် ယုံကြည်သူများဟို ပေါလုရဲ့ပေးစာ နိဒါန်း ဧဖက် ယုံကြည်သူများဟို ပေါလုရဲ့ပေးစာဟ ခရစ်တော် မွေးဖွားပင်းနောက် ၆၀ ခုနှစ်ဝန်းကျင်တွင် ကောလောသဲမြို့သားလို့ဆေ ရေးသောစာနဲ့ တချိန်တည်းတွင် ရေးသားခဲ့အယ်။ စာရေးဆရာဟ သူ့တတ်တိုင်း တမန်တော်ပေါလုဟု သတ်မှတ်အယ် (၁.၁)။ ကောလောသဲမြို့တွင် တွေ့ရသည့် ပုဂ္ဂိုလ်ရေး နှုတ်ခွန်းဆက်စကားများ မပါဆိသော်လည်း ပေါလုဟ ဧဖက်မြို့နှိုက် ရေးသားခဲ့တာဟို ပညာဆှင်အများစုဟ သဘောတူကြအယ်။ အေးအကျောန်းကျောန့်၊ ၎င်းကို ပြည်နယ်ဆိ ဘုရားကျောင်းများစွာတွင် ဖြန့်ဝေရန် ရည်ရွယ်ထားခြင်း ဖြစ်အယ်။ ပေါလုဟ သူရေးသော ဟေစာတွင် ထောင်ကျနေကျောန်းကိုလည်း ဖော်ပြအယ် (၃.၁; ၄.၁; နဲ့ ၆.၂၀)။ ပေါလုဟ ဧဖက်မြို့ဆိ ဘုရားကျောင်းဟို သွားရောက်လည်ပတ်သော တုခိတ်ဟို သူနဲ့အတူ ဟေစာတစောင် ပေးပို့ခဲ့အယ် (၆.၂၁–၂၂)။ ဧဖက်မြို့ဟ ရမ်းဆာ့ကြီးမားသောမြို့ ဖြစ်ပင်း အာရှပြေနယ်အတွက် ရောမမြို့တော် ဖြစ်အယ်။ ဧဖက်မြို့ဟ ဟေလသနတ်ဘုရားမ အာတေမိအား ရည်စူးထားသော ဘုရားကျောင်းအတွက် ကျော်ကြားအယ် (တ ၁၉.၂၃–၃၁)။ ဧဖက်အသင်းတော်ဟ တက်ကြွစွာ စတင်ခဲ့ပေမဲ့လည်း နောက်ပိုင်းတွင် သွေးအေးသွားခဲ့အယ် (ဗျာ ၂.၁–၇)။ ပေါလုဟ ဟေစာရဲ့ ပထမပိုင်း တဝက်တွင် ဘုရားသခင်ဟ သူရဲ့လူများကို စလိုမျိုး ရွေးချယ်ပင်း ယေရှုခရစ်အားဖြင့် သူလို့ရဲ့ အပစ်များမှ ကယ်တင်ကျောန်း ဆှင်းပြထားအယ်။ သူဟ အသင်းတော်ကို ဦးခေါင်းအဖြစ် ခရစ်တော်နဲ့ တကိုယ်လုံးနဲ့ နှိုင်းယှဉ်အယ်၊ အားပင်း ခရစ်တော်နဲ့ တည်ဆောက်သော အဓိကအုတ်မြစ်အဖြစ် ခိုင်းနှိုင်းထားအယ်။ ပအုပ်ရဲ့ ဒုတိယပိုင်း တဝက်နှိုက် ပေါလုဟ ခရစ်ယာန် အသက်တာအတွက် လမ်းညွှန်ချက် ပေးထားအယ်။ အကျောန်းအရာ အကျဉ်းချုပ် ၁။ အခန်း ၁ တွင်၊ ပေါလုဟ သူ့ကိုယ်သူ မိတ်ဆက်ပင်း ဧဖက်မြို့သားများကို နှုတ်ဆက်အယ် (၁.၁–၂) ၂။ အဲနောက်၊ သူဟ ခရစ်တော်နဲ့ အသင်းတော်ရဲ့ ဆက်ဆံရေးကို ဆှင်းပြအယ် (၁.၃—၃.၂၁) ၃။ အဲနောက်၊ ပေါလုဟ ခရစ်ယာန်များ နေထိန်သင့်လဲ့ ပုံစံဟို ရေးသားခဲ့အယ် (၄.၁—၆.၂၀) ၄။ နောက်ဆုံးတွင်၊ ပေါလုဟ နိဂုံးချုပ်မှတ်ချက် အချို့ဟို ပေးအယ် (၆.၂၁–၂၄)
11 အရာခပ်သိမ်းဟ ဘုရားသခင်ရဲ့ အကြံအစည်တော်နဲ့ ဆုံးဖြတ်ချက်အတိုင်း ပီးမြောက်ပင်း ဘုရားသခင်ဟ ငါလို့အား သူရဲ့ ကိုယ်ပိုင်ရည်ရွယ်ချက်ကျောန့် ခရစ်တော်နဲ့ တလုံးတဝတည်းဖြစ်ရန် ငါလို့ဟို ရွေးချယ်ခဲ့အယ်။ အစကတည်းဟ သူဆုံးဖြတ်ခဲ့တာကို အခြေခံတယ်။ 12 အဲကျောန့် ခရစ်တော်ဟို ဆေ့ဦးစွာ မျော်လင့်သော ငါလို့ဟ ဘုရားသခင်ရဲ့ ဘုန်းတော်ကို ချီးမွမ်းကြပါစို့။
13 မန်သောစကားဟို ကြားသောအခါ နင်လို့ဟ ဘုရားသခင်ရဲ့ လူများဖြစ်လာကြပင်း အဲသတင်းကောင်းဟ ကယ်တင်ခြင်းဟို ပို့ဆောင်ပေးအယ်။ နင်ဟ ခရစ်တော်ကို ယုံကြည်ယွေ့ ဘုရားသခင်ဟ ကတိပြုထားသော သန့်ဆှင်းသော ဝိညာဉ်တော်ဟို နင့်အား ပေးဆောင်ခြင်းဖြင့် သူရဲ့ ပိုင်ဆိုင်ခွင့် တံဆိပ်ခတ်ခြင်းဟို နင့်အပေါ် ထားခဲ့အယ်။ 14 ဝိညာဉ်တော်ဟ မိမိလူလို့ဟို ဘုရားသခင် ကတိပြုထားလဲ့အတိုင်း ငါလို့ ခံစားရမယ် ဖြစ်ပင်း ဘုရားသခင်ဟ မိမိပိုင်သောသူလို့အား လုံးလုံးလျားလျား လွတ်မြောက်ခြင်း ခွင့်ပေးမယ် ဖြစ်ကျောန်း ငါလို့အား အာမခံအယ်။ ဘုရားသခင်ရဲ့ ဘုန်းတော်ဟို ငါလို့ ချီးမွန်းကြပါစို့။
- a တ ၁၈.၁၉–၂၁; ၁၉.၁
- b တချို့ လက်ရေးမူကျမ်းများတွင် ဧဖက်မြို့နှိုက်ဆိသော၊ မပါဆိပါ။
- c ပစာကို့ သူရဲ့ချစ်ခြင်းကျောန့် ဖြစ်ပင်း၅ဘုရားသခင်ဟ၊ အဲဟာမဟုတ်ရင် ချစ်ခြင်းမေတ္တာနှိုက် နေထိန်ရန်၊ ဘုရားသခင်ဟ။
- d ကော ၁.၁၄
- e ခရစ်တော်ရဲ့ အသွေးတော်အားဖြင့်၊ အဲဟာမဟုတ်ရင် ခရစ်တော်ရဲ့ အသေခံခြင်းအားဖြင့်။
- f ကော ၁.၁၈
- g အလုံးစုံလို့ဟို ပြေ့ဝ စုံလင်စေသော ပြေ့ဝစုံလင်ခြင်းတည်းဟူသော၊ အဲဟာမဟုတ်ရင် ဘုရားသခင်ရဲ့ပြေ့စုံခြင်းနဲ့ မိမိတတ်တိုင်း ပြေ့စုံစေသောသူ။
Languages