1 [a]သခင်လို့၊ နင်လို့ဟလည်း ခေါန်းခင်ဘုံနှိုက် ဆိတာဟို သိမှတ်ယွေ့၊ မန်ကန်ခြင်းနဲ့ တရားမျှတခြင်းလို့နဲ့အညီ ကိုယ့်ကျွန်လို့ဟို ပြုကြလော့။
5 [b]နင်လို့ ရဆိလဲ့ အခွင့်ကောင်း မန်သမျှဟို အသုံးပြုကာ မယုံကြည်သောသူလို့အား ပညာသတိနဲ့ ဆက်ဆံကြလော့။ 6 နင်လို့ပြောသောစကားဟ နားဝင်ချိုယွေ့ စိတ်ဝင်စားဖွယ် ဖြစ်စေကြလော့၊ မေးမြန်းသူတိုင်းအား စလို လျောက်ပတ်စွာ ပြန်လည် ဖြေကြားရမယ်ဟို နင်လို့ လေ့လာထားကြလော့။
10 [f]ငါနဲ့အတူ အကျဉ်းချခံနေရသူ အာရိတ္တာခုနဲ့ ဗာနဗရဲ့ ညီဝမ်းကွဲ မာကုလို့ဟ နင်လို့ဟို နှုတ်ဆက်လိုက်အယ်။ နင်လို့ဆေဟို သူရောက်ဆိလာရင် မာကုအား ကြိုဆိုကြရန် ညွှန်ကြားချက်များဟို နင်လို့ ရဆိကြပင်း ဖြစ်အယ်။ 11 ယုတ္တုလို့လည်း ခေါ်လဲ့ ယေရှုဟလည်း နင်လို့ဟို နှုတ်ဆက်လိုက်ပါအယ်။ အရေဖျားလှီးထားသော သူလို့ထဲတွင် ဘုရားသခင်ရဲ့ နိုင်ငံတော်အတွက် ငါနဲ့အတူ လုပ်ဆောင်လျက်ဆိသော ယုဒယုံကြည်သူများမှာ အဲသူသုံးဦးသာလျှင် ဖြစ်အယ်၊ ဟေသူလို့ဟ ငါ့အား ရမ်းဆာ့ကူညီကြသူများ ဖြစ်အယ်။
12 [g]ခရစ်တော် ယေရှုရဲ့ ကျွန်ဖြစ်ယွေ့ နင်လို့အထဲဟ တဦးဖြစ်သော ဧပဖြဟ နင်လို့ဟို နှုတ်ဆက်လိုက်အယ်။ နင်လို့ဟ စုံလင်ရင့်ကျက်သူအဖြစ် ရပ်တည်လျက် ဘုရားသခင်ရဲ့ အလိုတော်ဆိသမျှဟို အပြေ့ဝ ဆောင်ရွက်နိန်မဲ့အကျောန်း သူဟ နင်လို့အတွက် အစဉ်အမြဲ ကြိုးစားယွေ့ ဆုတောင်းပေးလျက် ဆိအယ်။ 13 သူဟ နင်လို့အတွက် လည်းကောင်း၊ လောဒိကိမြို့နဲ့ ဟေရပေါလိမြို့နှိုက်ဆိသော သူလို့အတွက် လည်းကောင်း၊ ရမ်းဆာ့ပင်ပန်းစွာ ကြိုးစားလျက်ဆိကျောန်း ငါတတ်တိုင်း သက်သေခံအယ်။ 14 [h]ငါလို့ ချစ်သော ဆရာဝန်လုကာနဲ့ ဒေမလို့ဟ နင်လို့အား နှုတ်ဆက်လိုက်အယ်။
15 လောဒိကိမြို့နှိုက်ဆိသော ညီအကိုလို့ဟို လည်းကောင်း၊ နုံဖနဲ့ သူမရဲ့ နေအိုင်နှိုက် စုဝေးသော အသင်းတော်ဟိုလည်းကောင်း နှုတ်ဆက်ပေးကြလော့။[i] 16 ဟေစာဟို နင်လို့ ဖတ်ပင်းသောအခါ လောဒိကိမြို့နှိုက်ဆိသော အသင်းတော်ဟိုလည်း ဖတ်စေကြလော့။ အဲတိုင်းတိုင်း လောဒိကိ အသင်းတော်မှ ရလာသောစာဟိုလည်း နင်လို့ ဖတ်ကြလော့။ 17 [j]အာခိပ္ပုအား “သခင်ဘုရားနှိုက် ရဆိထားသော အမှုတော်ဆောင်ရွက်ခြင်းဟို အကုန်အစင် ဆောင်ရွက်ပါ” ဟု ပြောကြားကြလော့။
18 ငါပေါလုဟ နင်လို့အား နှုတ်ဆက်စကားဟို ငါတတ်တိုင်း ငါ့လက်ဖြင့် ရေးလိုက်အယ်။ ငါဟ တုတ်ချေခြင်းတွင် ဆိနေတာဟို နင်လို့ မမေ့ကြနဲ့။
- a ဧ ၆.၉
- b ဧ ၅.၁၆
- c တ ၁၀.၄; ၂ တိ ၄.၁၂
- d ဧ ၆.၂၁,၂၂
- e ဖိလေ ၁၀–၁၂
- f တ ၁၉.၂၉; ၂၇.၂; ဖိလေ ၂၄; တ ၁၂.၁၂,၂၅; ၁၃.၁၃; ၁၅.၃၇–၃၉
- g ကော ၁.၇; ဖိလေ ၂၃
- h ၁ တိ ၄.၁၁; ဖိလေ ၂၄; ၂ တိ ၄.၁၀; ဖိလေ ၂၄
- i နုံဖနဲ့ သူမရဲ့ နေအိုင်နှိုက် စုဝေးသော အသင်းတော်ဟိုလည်းကောင်း နှုတ်ဆက်ပေးကြလော့၊ အချို့ လက်ရေးမူကျမ်းများတွင် နုံဖနဲ့ သူရဲ့ နေအိုင်နှိုက် စုဝေးသော အသင်းတော်ဟိုလည်းကောင်း နှုတ်ဆက်ပေးကြလော့၊ ဟု ပါဆိအယ်။
- j ဖိလေ ၂
Languages