ကောလောသဲ ကောလောသဲ ယုံကြည်သူများဟို ပေါလုရဲ့ပေးစာ နိဒါန်း ကောလောသဲမြို့ ယုံကြည်သူများဟို ပေါလုရဲ့ ပေးစာ အား တမန်တော် ပေါလုဟ ရေးသားခဲ့အယ် (၁.၁)။ သူဟ ခရစ်တော် မွေးဖွားပင်းနောက် ၆၀ ခုနှစ်ခန့်တွင် ရောမမြို့နှိုက် ထောင်ကျနေခါ စာရေးခဲ့အယ်။ ကောလောသဲ၊ ဧဖက်နဲ့ ဖိလေမုန်လို့နဲ့အတူ ပေါလုဟ ထောင်ကျနေကတည်းဟ ၎င်းလို့ဟို ထောင်တွင်းစာများဟု ခေါ်တွင်အယ်။ သူဟ ကောလောသဲမြို့ဆိ အသင်းတော်သို့ ဟေစာဟို ရေးသားခဲ့အယ်။ ပေါလုဟ ၂.၁ တွင် ဖော်ပြထားလဲ့အတိုင်း ကောလောသဲမြို့တွင် အသင်းတော် မစတင် သေးပေမဲ့ အဲဒါအတွက် တာဝန်ဆိအယ်လို့ ခံစားရအယ်။ ဧပဖရက်စ်ဟ ကောလောသဲမှစယွေ့ အသင်းတော်ဟို တည်ထောင်ခဲ့ခြင်း ဖြစ်နိန်အယ်။ ကောလောသဲ အသင်းတော်ဆိ မားယွင်းသော သွန်သင်ချက် အချို့ကျောန့် ပေါလုဟ စိုးရိမ်ပူပန်ခဲ့အယ်။ သူသည် ၎င်းအကျောန်းရာဟို စာတွေ ရေးရန် အချိန်အများကြီး ပေးခဲ့အယ်။ အထူးသဖြင့် ဓမ္မဟောင်းထဲဟ ယုဒလူမျိုး ဥပဒေတွေဟို လိုက်နာဖို့ တခြား ခရစ်ယာန်တွေဟို အတင်းအကြပ် တွန်းအားပေးနေလဲ့ ယုဒခရစ်ယာန်တစု ဆိနိန်အယ်။ ပေါလုဟ ဘုရားသခင် လက်ခံနိန်စေရန်အတွက် ခရစ်ယာန်များဟ ခရစ်တော်မှ လွဲယွေ့ အခြားစသူမျှ မလိုအပ်ဘဲ (ကောလောသဲ ၁.၁၅–၂၀) နဲ့ လူ့ဆင်ခြင်တုံတရားဟို အခြေခံလဲ့ သွန်သင်ချက်များဟ အသုံးမဝင်ကျောန်း ပေါလုဟ အထူးရေးသားခဲ့အယ် (၂.၈)။ အကျောန်းအရာ အကျဉ်းချုပ် ၁။ ပေါလုဟ ကောလောသဲဆိ အသင်းတော်အား နှုတ်ဆက်ခြင်းဖြင့် ပေးစာဟို စတင်အယ် (၁.၁–၂) ၂။ အဲနောက်၊ သူဟ အထူးသဖြင့် ကောလောသဲဆိ မားယွင်းသော သွန်သင်ချက်ဟို ပြန်လည်ဖော်ပြရာတွင် ခရစ်တော်ရဲ့ ကြီးမြတ်ခြင်းအကျောန်းဟို ရေးအယ် (၁.၃—၃.၄) ၃။ ပေါလုရဲ့ ရမ်းဆာ့ ပေးစာများလိုမျိုးပင် သူဟ စာရဲ့ နောက်ဆုံးတဝက်ဟို ခရစ်ယာန်ကောင်းများ နေ့စဉ်အသက်တာအတွက် သီးခြား ညွှန်ကြားချက် အချို့ဟို ဖော်ပြအယ် (၃.၅—၄.၆) ၄။ ပေါလုဟ အခြား အသင်းတော်များတွင် ရွတ်ဆိုရမဲ့ စာဟို နှုတ်ခွန်းဆက်စကားနဲ့ ညွှန်ကြားချက်များဖြင့် အပီးသတ်အယ် (၄.၇–၁၈)
9 အဲအကျောန်းကျောန့် နင်လို့ရဲ့ သတင်းဟို ကြားရလဲ့နေ့မှစယွေ့ ငါလို့ဟ နင်လို့အတွက် အစဉ်မပြတ် ဆုတောင်းလျက် နေအယ်။ နင်လို့ဟ ဝိညာဉ်တော် ချပေးသော ဉာဏ်ပညာ၊ သိနားလည်မှု အလုံးစုံလို့နဲ့ ပြေ့စုံသဖြင့် ဘုရားသခင်ရဲ့ အလိုတော်ဟို ကောင်းစွာ သိဆိကြစေရန် ဘုရားသခင်အား ငါလို့ ဆုတောင်းကြအယ်။ 10 အဲမှသာ အစဉ်အမြဲ သခင်ဘုရား နှစ်သက်စေရန် လည်းကောင်း၊ ကိုယ်တော်ရဲ့ ဘုန်းအသရေ ထွန်းတောက်စေရန် လည်းကောင်း နင်လို့ ပြုမူ ကျင့်ကြံနိန်ကြလိမ့်မယ်။ ဟေသို့ အသက်ဆှင်ခြင်းအားဖြင့် ကောင်းမြတ်လဲ့ အကျင့်အမျိုးမျိုးဟူသော အသီးအပွင့်များဟို ဖြစ်ထွန်းကြလိမ့်မယ်။ ဘုရားသခင်ဟိုလည်း တိုးယွေ့ သိကျွမ်းကြလိမ့်မယ်။ 11-12 နင်လို့ဟ အရာခပ်သိမ်းဟို စိတ်ဆှည်စွာ သည်းခံနိန်စေရန် ဘုရားသခင်ရဲ့ ဘုန်းတန်ခိုးတော်မှ ရဆိလဲ့ စွမ်းရည်အမျိုးမျိုးဖြင့် ရပ်တည်နိန်ကြပါစေသော။ အဲမှ အလင်း နိုင်ငံတော်တွင် ဘုရားသခင်ရဲ့ လူမျိုးနွယ်အတွက် ထားလဲ့ ကောင်းချီးမင်္ဂလာများဟို နင်လို့အား ခံစားထိုက်သူများဖြစ်သော ခမည်းတော် ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ဝမ်းမြောက်စွာ ချီးမွန်းနိန်ကြပါစေသော။ 13 ကိုယ်တော်ဟ ငါလို့အား မိုက်ရဲ့ တန်ခိုးမှ ကယ်တင်ယွေ့ မိမိချစ်သော သားတော်ရဲ့ နိုင်ငံတော်ထဲသို့ ခေါ်သွင်းအယ်၊ 14 [c]ဘုရားသခင်ဟ အဲသားတော်အားဖြင့် ငါလို့ဟို ရွေးနုတ်ပီ။ အဲနည်းအားဖြင့် ငါလို့ရဲ့ အပစ်များဟို ဖြေလွှတ်ပီ။
21 မခင်ဟ နင်လို့ရဲ့ ဆိုးညစ်သောအပြုအမူနဲ့ အတွေးခေါ်များဟို ပြုခြင်းအားဖြင့် ဘုရားသခင်နဲ့ ကင်းကွာလျက် ရန်သူ ဖြစ်ကြအယ်။ 22 အဲလိုလဲ အခု ဘုရားသခင်ဟ လူ့ဇာတိဟို ခံယူသော သားတော်အား အသေခံစေသောအားဖြင့် နင်လို့အား မိမိနဲ့ ပြန်လည်သင့်မြတ်ခွင့်ဟို ပေးလေပီ၊ ဟေသို့ ပြုခြင်းမှာ နင်လို့ဟ သန့်ဆှင်း၊ ဖြူစင်၊ မြင့်မြတ်လျက် အပစ်ဆိုဖွယ် မဆိဘဲ ဆေ့မှောက်သို့ ဝင်ရောက်နိန်ကြရန် ဖြစ်အယ်။ 23 အဲလိုမို့ နင်လို့ဟ မိမိလို့ရဲ့ ယုံကြည်ခြင်းဟို အုတ်မြစ်လို ခိုင်မာစေရန် ဆက်လက် ထိန်းသိမ်းရကြမယ်၊ နင်လို့ဟ ဧဝံဂေလိတရားဟို ကြားသိရသောအခါ ရဆိခဲ့သော မျော်လင့်ခြင်းမှ နင်လို့တတ်တိုင်း မယိမ်းယိုင်စေနဲ့။ ကမ္ဘာအနှံ့အပြားသို့ ဟောပြောရန်ဖြစ်သော အဲဧဝံဂေလိတရားအတွက် အစေခံဟ ငါ ပေါလုပင် ဖြစ်အယ်။
Languages