17 “အဲလိုမို့ အခု ငါ့ မိတ်ဆွေလို့၊ နင်လို့ဟ မိမိလို့ ခေါင်းဆောင်များလိုမျိုး မိမိလို့ပြုသော အမှုဟို မသိသက်ဘဲ အေးလို့ ပြုကြကျောန်းဟို ငါ သိအယ်။ 18 အဲလိုလဲ မေဆှိယဟ ဆင်းရဲဒုက္ခခံရမယ်ဖြစ်ကျောန်း ပရောဖက်အပေါင်းအားဖြင့် မခင်ကတည်းဟ ဘုရားသခင် ကြိုပြောထားသော အေးအရာဟ သူ့အားဖြင့် ပြေ့စုံလာခြင်း ဖြစ်အယ်။ 19 အေးလိုမို့ ဘုရားသခင်ဟ နင်လို့ရဲ့ အပစ်များဟို ဖြေလွှတ်စေရန် နောင်တရယွေ့ ပြောင်းလဲကြလော့။ အဲလိုဖြစ်ခါမှသာ၊ 20 ထာဝရဘုရား ဆေမှ ဝိညာဉ်ခွန်အား သက်ရောက်ရာ အချိန်ကာလ ရောက်လာလျက် နင်လို့အဖို့ ရွေးချယ်ခန့်ထားသော မေဆှိယ အဆှင်တည်းဟူသော ယေရှုဟို စေလွှတ်လိမ့်မယ်။ 21 မခင်ဟ မိမိရဲ့ သန့်ဆှင်းသော ပရောဖက်များရဲ့ စလောင်အားဖြင့် ဘုရားသခင် မိန့်ခဲ့လဲ့အရာတည်းဟူသော အလုံးစုံလို့ဟို မူလအတိုင်း ပြန်ဖြစ်စေမဲ့ ကာလများတိုင်အောန် ခေါန်းခင်ဟ အေးအဆှင်ဟို လက်ခံထားရမယ်။ 22 အကျောန်းမှာ မောရှေဟ ‘နင်လို့ရဲ့ ဘုရားသခင် ထာဝရဘုရားဟ ငါ့ဟို စေလွှတ်လဲ့တိုင်းတိုင်း ပရောဖက်တပါးဟိုလည်း နင်လို့ဆေဟို စေလွှတ်[b]ပင်း အဲသူဟ နင်လို့ အမျိုးသားထဲမှ ဖြစ်လိမ့်မယ်။ သူ ဟောပြောသမျှသောလို့ဟို နင်လို့ဟ နားထောင်ကြရမယ်။ 23 အဲပရောဖက်ရဲ့ စကားဟို နားမထောင်ဘဲနေသော သူတိုင်းဟ ဘုရားသခင်ရဲ့ လူမျိုးထဲမှ ဖယ်ဆှားပင်း ဖျက်ဆီးခြင်းဟို ခံရမယ်’ ဟု ပြောအယ်။ 24 ရှမွေလ အပါအဝင် သူ့နောက်မှ ပေါ်ထွန်းလာသော သတင်းစကားဟို ဟောပြောသော ပရောဖက်အပေါင်းလို့ဟ အခု နေ့ရက်ကာလအကျောန်းဟို ဟောပြော ကြေငြာခဲ့ကြအယ်။ 25 နင်လို့ဟ ပရောဖက်လို့ရဲ့ သားမြေးများဖြစ်ကြတာ သာမက ဘုရားသခင်ဟ အာဗြဟံအား ‘ကမ္ဘာပေါ်ဆိ လူမျိုးစုအပေါင်းလို့ဟ နင်ရဲ့ အမျိုးအနွယ်အားဖြင့် ကောင်းချီးမင်္ဂလာ ခံစားရလိမ့်မယ်’ ဟု မိန့်လျက် နင်လို့ရဲ့ ဖိုးဖေးများနဲ့ ပြုခဲ့သော ပဋိညာဉ်ရဲ့ သားမြေးများလည်း ဖြစ်ကြအယ်။ 26 နင်လို့ တဦးစီရဲ့ ဆိုးညစ်သောအမှုလို့ဟို စွန့်ပယ်ခြင်းအားဖြင့် ကောင်းချီးခံစားကြရစေရန် ဘုရားသခင်ဟ မိမိရဲ့ အစေခံဟို နင်လို့ဆေဟို ဦးစွာ စေလွှတ်အယ်” ဟု ပေတရုဟ ဟောပြောလေအယ်။
<- တမန်တော် 2တမန်တော် 4 ->
Languages