7 အေးနေရာ အနီးတွင် ပုဗလိဟု နာမယ်ဆိသော ကျွန်းထမုန်ရဲ့ မြေယာများဆိအယ်။ အေးသူဟ ငါလို့ဟို လက်ခံပင်း သုံးရက်တိုင်တိုင် ဧည့်ဝတ်ကျေပွန်စွာ ကျွေးမွေးဧည့်ခံအယ်။ 8 ပုဗလိရဲ့ အဖဟ အဖျားရောဂါ၊ ဝမ်းကိုက်ရောဂါများဖြင့် လဲယွေ့နေအယ်။ ပေါလုဟ သူ့ရဲ့ အခန်းထဲဝင်ပင်း ဆုတောင်းပေးကာ သူ့ရဲ့ အပေါ်လက်တင်ယွေ့ သူ့ဟို ကျန်းမာလာစေအယ်။ 9 အေးအရာများ ဖြစ်ပျက်ပင်းသောအခါ ကျွန်းပေါ်ဆိ အခြား မကျန်းမာသော သူအားလုံးလို့ဟ ပေါလုဆေဟို လာကြပင်း သူလို့ဟ ကျန်းမာခြင်းဟို ရဆိကြအယ်။ 10 သူလို့ဟ ငါလို့အား လက်ဆောင်များပေးကြပင်း ငါလို့ ရွက်လွှင့်သောအခါနှိုက်လည်း လိုအပ်လဲ့ စားနပ်ရိက္ခာများဟို သင်္ဘောပေါ်ဟို တင်ပေးကြအယ်။
17 သုံးရက်ကြာပင်းနောက် ပေါလုဟ မြို့ပေါ်ဆိ ယုဒခေါင်းဆောင်များဟို ဖိတ်ခေါ်အယ်။ အေးသူလို့ လာရောက်စုဝေးလျက် ဆိသောအခါ ပေါလုဟ “ငါ့ ညီအကိုလို့ ငါဟ မိမိအမျိုးသားလို့အားလည်းကောင်း၊ ဖိုးဖေးလို့ရဲ့ ထုံးတမ်းစလေ့များဟိုလည်းကောင်း ဆန့်ကျင်လဲ့ အမှုတစုံတရာဟိုမျှ မပြုလုပ်ခဲ့သော်လည်း ယေရုရှလင်မြို့တွင် ငါ့ဟို အကျဉ်းသားအဖြစ် ရောမအမျိုးသားလို့ရဲ့ လက်ဟို အပ်ကြအယ်။ 18 အေးသူလို့ဟ ငါ့ဟို စစ်ဆေးမေးမြန်းပင်းနောက် ငါ့ရဲ့ အမှုတွင် သေဒဏ်ပေးထိုက်သော အကျောန်းတစုံတရာမှ မတွေ့ရသဖြင့် ငါ့အား လွတ်လိုက်ကြအယ်။ 19 [a]အဲလိုလဲ ယုဒလူများလို့ဟ ကန့်ကွက်ကြသောကျောန့် ငါဟ မလွဲမဆှောင်သာတော့ဘဲ ဧကရာဇ်မင်းဆေ အယူခံရအယ်။ မိမိရဲ့ အမျိုးသားလို့အား စွပ်စွဲပြောဆိုရန် အကျောန်းဆိယွေ့ မဟုတ်။ 20 အေးလို့မို့ နင်လို့နဲ့ တွေ့ဆုံယွေ့ စကားပြောရန် ငါတောင်းခံခဲ့ခြင်း ဖြစ်အယ်။ အမန်စင်စစ် ငါဟ သံကြိုးများနဲ့ တုတ်ချေခံရတာဟ ဣသရေလအမျိုးသားလို့ မျှော်လင့်နေကြလဲ့ အဆှင့်အတွက်ကျောန့်ပင် ဖြစ်အယ်” လို့ ဆိုအယ်။
21 အေးသူလို့ဟ “ငါလို့သည် နင်ရဲ့အကျောန်း ယုဒပြေမှ စာတစောင်မှ မရခဲ့ကြပါ။ အေးပြေမှ ရောက်လာသော ညီအကိုလို့တွင်လည်း နင်နဲ့ပတ်သက်လဲ့ မကောင်းလဲ့အရာတစုံတခုဟို သတင်းပို့သောသူ အဲဟာမဟုတ်ရင် ပြောဆိုသောသူ တယောက်မှ မဆိပါ။ 22 အဲလိုလဲ အေးဂိုဏ်းနဲ့ပတ်သက်ယွေ့ နေရာတိုင်းတွင် ဆန့်ကျင်ယွေ့ ပြောဆိုနေကြတာဟို ငါလို့သိထားတာ ဖြစ်ယွေ့ နင့် စိတ်သဘောထား စလိုဆိကျောန်းဟို နင့်ဆေမှ ငါလို့ကြားလိုအယ်” လို့ ဆိုကြအယ်။
23 အေးနောက် သူလို့ဟ ပေါလုနဲ့ ရက်ချိန်းပင်းမှ ရမ်းဆာ့သောသူလို့နဲ့တကွ သူတည်းခိုလဲ့နေရာဟို ရောက်လာကြအယ်။ ပေါလုဟ မနက်မှ ညနေခင်းတိုင်အောန် ဘုရားသခင်ရဲ့ နိုင်ငံတော်အကျောန်းဟို ဆှင်းပြပင်း၊ မောရှေရဲ့ ပညတ်ကျမ်းနဲ့ ပရောဖက်ကျမ်းများမှ ကိုးကားပင်း ယေရှုအကျောန်းဟို သူလို့အား ပြောပြယွေ့ စည်းရုံးလေအယ်။ 24 လူတချို့လို့ဟ ပေါလုရဲ့ ဟောပြောချက်ဟို နားလည်သဘောပေါက်ကြပေမဲ့လည်း တချို့သူလို့ဟ မယုံကြည်ကြ။ 25 အေးလို့ ပေါလုဟ အဲအရာများဟို ပြောဆိုပင်းနောက် အချင်းချင်းကြားနှိုက် ပြင်းထန်စွာငြင်းခုန်လျက် ထွက်သွားကြအယ်။ ပေါလုဟ “ပရောဖက် ဟေရှာယအားဖြင့် နင်လို့ ဖိုးဖေးလို့အား သန့်ဆှင်းသော ဝိညာဉ်တော် ဖော်ပြပုံမှာ ဟေလို့ဖြစ်အယ်။ 26 သူဟောတာဟ၊
28 ပေါလုဟ အဆုံးသတ်အနေနဲ့ “ဘုရားသခင်ရဲ့ ကယ်တင်ခြင်း သတင်းစကားဟို လူမျိုးခြားလို့ ကြားနာရန် ဟောပြောမဲ့ သူလို့ဟို စေလွှတ်ပီဖြစ်ယွေ့ သူလို့ဟ ကြားနာကြလိမ့်မယ်ဖြစ်ကျောန်း နင်လို့ သိမှတ်ကြလော” လို့ ဆိုအယ်။ 29 [b]
30 ပေါလုဟ အေးမြို့တွင် နေနှစ်လုံး မိမိငမ်းထားသော နေအိုင်တွင် နေအယ်။ မိမိဆေရောက်လာကြသူ အပေါင်းလို့အား ကြိုဆိုပင်းတွေ့အယ်။ 31 ဘုရားသခင်ရဲ့ နိုင်ငံတော်အကျောန်းဟို ဟောပြောယွေ့ သခင် ယေရှု ခရစ်တော် အကျောန်းဟို အတားအဆီးမဆိဘဲ ရဲရင့်စွာ ဟောပြောလျက်နေအယ်။
<- တမန်တော် 27
Languages