6 ဖတ္တုမင်းဟ သူလို့နဲ့အတူ ဆစ်ရက် အဲဟာမဟုတ်ရင် ဆယ်ရက်လောက်နေပင်းမှ ကဲသရိမြို့ဟို သွားအယ်။ နောက်တနေ့နှိုက် တရားစီရင်ရာ တရားခွင်မှာ ထိန်ပင်း ပေါလုဟို ခေါ်သွင်းရန် အမိန့်ပေးအယ်။ 7 ပေါလု ရောက်ဆိလာသောအခါ ယေရုရှလင်မြို့မှ ဆင်းလာသော ယုဒလူလို့ဟ သူ့ဘေးနားမှာ ရပ်ပင်း ကြီးလေးသော အပစ်များနဲ့ စွပ်စွဲပြောဆိုကြသော်လည်း သူလို့ဟ ခိုင်လုံသော သက်သေမပြနိန်ကြ။ 8 အဲပင်းရင် ပေါလုဟ “ငါဟ ယုဒလူလို့ရဲ့ ပညတ်တရားဟို လည်းကောင်း၊ ဗိမာန်တော်ဟို လည်းကောင်း၊ ဧကရာဇ်ဟို လည်းကောင်း ပစ်မားမှုတခုဟိုမျှ မကျူးလွန်ခဲ့ပါ” လို့ ကာကွယ်ပြောဆိုအယ်။
9 ဖေတ္တုမင်းဟ ယုဒလူလို့ဆေမှ မျက်နှာရလိုသဖြင့် ပေါလုအား “နင်ဟ ယေရုရှလင်မြို့ဟို တက်သွားယွေ့ အဲမြို့နှိုက် ငါဆေ့တွင် ဟေအမှုများနဲ့ ပတ်သက်ယွေ့ အစစ်ဆေးခံမယ်လော” ဟု မေးအယ်။
10 ပေါလုဟ “အခု ငါ့ဟို စစ်ဆေးစီရင်သင့်တဲ့နေရာ ဧကရာဇ် တရားစီရင်ရာ တရားခွင်တွင် ရပ်နေအယ်။ အဆှင် ကောင်းစွာသိလဲ့အတိုင်း ငါဟ ယုဒလူလို့အား ပစာဟိုမျှ မပစ်မားခဲ့ပါ။ 11 အကယ်ယွေ့ ငါဟ တရားဥပဒေဟို ချိုးဖောက်ကာ သေဒဏ်ခံရန် ထိုက်တန်သော အပစ်တခုဟို ကျူးလွန်မိရင် ငါဟ အသက်ချမ်းသာခွင့်ဟို တောင်းဆိုမယ် မဟုတ်ပါ။ အဲလိုလဲ အေးသူလို့ စွပ်စွဲချက်များဟ မမန်ကန်ရင် စသူမှ ငါ့ဟို သူလို့ရဲ့ လက်ဟို ပေးအပ်နိန်ပါ။ ငါဟ ဧကရာဇ်မင်းဆေ အယူခံပါအယ်” ဟု ဆှောက်အယ်။
12 အေးနောက် ဖေတ္တုမင်းဟ သူ့ရဲ့ အတိုင်ပင်ခံအရာဆိများနဲ့ တိုင်ပင်ပင်းနောက် “နင်ဟ ဧကရာဇ်မင်းဆေ အယူခံသဖြင့် ဧကရာဇ်မင်းဆေဟို သွားရမယ်” ဟု ပြန်ဖြေလေအယ်။
22 အဂြိပ္ပဘုရင်ဟ “အေးလူပြောတာဟို ငါတတ်တိုင်း ကြားလိုပါအယ်” ဟု ဖေတ္တုမင်းအား ဆိုအယ်။
23 နောက်တနေ့နှိုက် အဂြိပ္ပဘုရင်နဲ့ ဗေရနိတ်လို့ဟ ခမ်းနားကြီးကျယ်သော အဆောင်အယောင်များနဲ့အကွ စစ်တပ်အကြီးအကဲများ၊ မြို့ပေါ်ဆိ ဂုဏ်အသရေဆိ လူကြီးများနဲ့အတူ ကြွလာပင်း ညီလာခံခန်းမကြီးဟို ဝင်အယ်။ အေးအခါ ဖေတ္တုမင်းဟ အမိန့်ပေးသဖြင့် ပေါလုဟို ခေါ်သွင်းကြအယ်။ 24 ဖေတ္တုမင်းဟ “အဂြိပ္ပဘုရင်နဲ့ ငါနဲ့အတူဆိသော လူကြီးမင်းအပေါင်းလို့၊ အဆှင်လို့ မျော်သော ဟေသူနဲ့ပတ်သက်ယွေ့ ယုဒအမျိုးသားထုအပေါင်းလို့ဟ သူ့ဟို ဆက်ယွေ့ အသက်မဆှင်စေသင့်ပါ ဟု အော်ဟစ်လျက် ယေရုရှလင်မြို့ ဖြစ်စေ၊ ဟေမြို့နှိုက် ဖြစ်စေ ငါ့အား တောင်းဆိုခဲ့အယ်။ 25 အဲလိုလဲ သူဟ သေဒဏ်ခံထိုက်သော အပစ်တစုံတရာဟိုမျှ မကျူးလွန်ကျောန်းဟို ငါ့အနေဖြင့် သိပါအယ်။ အားပင်း သူတတ်တိုင်းဟ ဧကရာဇ်မင်းဆေမှာ အယူခံပါမယ်လို့ ပြောသဖြင့် သူ့ဟို အထံတော်ဟို ပို့ဆောင်ရန် ငါ ဆုံးဖြတ်ခဲ့ပါအယ်။ 26 အဲလိုလဲ ဧကရာဇ်မင်းဆေ သူ့အကျောန်းရေးသားရန် တိကျသော အကျောန်းပြချက် တစုံတခုမှ ငါနှိုက် မဆိပါ။ အေးလိုမို့ ဟေစစ်ဆေးမေးမြန်းမှု ပီးဆုံးသောအခါ ငါ ရေးသားရန် အကျောန်းပြချက် တစုံတခုရဆိနိန်မဲ့အကျောန်း သူ့ဟို အဆှင်လို့ အဆေ့နှိုက်၊ အထူးသဖြင့် အဂြိပ္ပဘုရင် အဆှင့်အဆေ့နှိုက် ငါ ထုတ်ဆောင်ခဲ့အယ်။ 27 အကျောန်းမှာ အကျဉ်းသားတဦးဟို သူ့အပေါ် စွဲချက်တင်တဲ့အပစ် တစုံတခုမဆိဘဲ စေလွှတ်ခြင်းမှာ မသင့်လျော်ဟု ငါ ထင်ပါအယ်” ဟု ဆိုလေအယ်။
<- တမန်တော် 24တမန်တော် 26 ->
Languages