5 ယုဒအမျိုးသားနဲ့ လူမျိုးခြားအချို့လို့ဟ တမန်တော်လို့ဟို ညှဉ်းဆဲရန်နဲ့ ခဲဖြင့် ပေါက်ရန် မိမိလို့ ခေါင်းဆောင်များနဲ့အတူ ကြံစည် အားထုတ်ကြအယ်။ 6 အဲအကျောန်းဟို တမန်တော်လို့ဟ ကြားသိကြသောအခါ လုကောနိပြေဆိ လုတ္တရမြို့၊ ဒေရဗေမြို့ အနီးဆိဒေသဟို ထွက်ပြေးယွေ့၊ 7 အဲအရပ်နှိုက် သတင်းကောင်းဟို ဟောပြောကြအယ်။
14 အဲလိုလဲ ပူဇော်ကြမဲ့အကျောန်းဟို တမန်တော် ဗာနဗနဲ့ ပေါလုလို့ ကြားကြသောအခါ မိမိလို့ရဲ့ အဝတ်များဟို ဆုတ်ဖြဲယွေ့ လူပရိတ်သတ်လို့ အလယ်ဟို ပြေးသွားပင်း၊ 15 “မိတ်ဆွေလို့၊ နင်လို့ဟ ပစာကျောန့် ဟေလိုလုပ်ကြလုန်း။ ငါလို့ဟလည်း နင်လို့လိုမျိုးပင် သာမန်လူများသာ ဖြစ်ကြပင်း၊ နင်လို့ဟ ဟေလို အကျိုးမဆိလဲ့ အမှုအရာများဟို စွန့်ပစ်ယွေ့ မိုးခေါန်းခင်၊ မြေကြီးဟို လည်းကောင်း ပင်လယ်နဲ့ အရာခပ်သိမ်းတွင် ဆိလေသမျှသောအရာလို့ဟို လည်းကောင်း ဖန်ဆင်းသော အသက်ဆှင်သော ဘုရားသခင်ဆေ ပြောင်းလဲကြရန် နင်လို့အား သတင်းကောင်းဟို ဟောပြောနေသူများ ဖြစ်ကြအယ်။ 16 လွန်ခဲ့သောခေတ်ကာလများဟ ကိုယ်တော်ဟ လူမျိုးတကာလို့အား မိမိလို့ လမ်းစဉ်အတိုင်း ဆှောက်လှမ်းကြရန် အခွင့်ဟို ပေးခဲ့အယ်။ 17 အဲလိုလဲ သူပြုသော ကောင်းသောအမှုအားဖြင့် ကိုယ်တော် တည်ဆိကျောန်း သက်သေဟို အမြဲ ပြခဲ့အယ်။ ကိုယ်တော်ဟ ခေါန်းခင်မှ မိုးဟို ရွာစေပင်း အချိန်တန်ရင် သီးနှံများဟို ဖြစ်ထွန်းစေကာ၊ အစားအစာ ပေးယွေ့ ရွှင်လန်းဝမ်းမြောက်ခြင်းလို့ဖြင့် နင်လို့ စိတ်နေလုံးဟို ပြေ့စေအယ်” ဟု ကြွေးကြော်အယ်။ 18 သူလို့ဟ အေးလို့ပြောဆိုလျက် မိမိလို့အား ပူဇော်ခြင်း မပြုကြရန် လူအုပ်များဟို ခဲယဉ်းစွာ တားရအယ်။
19 အဲအခါ အန္တိအုတ်မြို့နဲ့ ဣကောနိမြို့လို့မှ ယုဒအမျိုးသား အချို့လို့ဟ ရောက်လာကြပင်း လူအုပ်လို့ဟို မိမိလို့ဖက်သို့ပါအောန် စည်းရုံးကာ ပေါလုဟို ကျောက်ခဲနဲ့ နှက်ယွေ့ သေပီဟု ထင်သဖြင့် မြို့ပြင်ဟို ဆွဲထုတ်သွားကြအယ်။ 20 အဲလိုလဲ မိမိရဲ့ပတ်လည်တွင် တဘဲ့တော်လို့ ဝိုင်းလျက် နေကြသောအခါ၊ ပေါလုဟ ထယွေ့ မြို့ထဲဟို ဝင်လေအယ်။ နောက်တနေ့မှာ သူနဲ့ ဗာနဗဟ ဒေရဗေမြို့ဟို သွားကြအယ်။
24 အဲပင်းရင် ပိသိဒိပြေ တပြေလုံးဟို ဆှောက်သွားယွေ့ ပမ်ဖုလိပြေဟို ရောက်ကြအယ်။ 25 သူလို့ဟ ပေရဂေမြို့တွင် တရားတော်ဟို ဟောပြောကြပင်းနောက် အတ္တလိမြို့သို့ သွားပင်း၊ 26 အဲမြို့မှတဆင့် ရွက်လွင့်ကာ အခု မိမိလို့ ဆောင်ရွက်ပီးစီးသွားလဲ့ အမှုတော်အတွက် ဘုရားသခင်ရဲ့ ကျေးဇူးတော်နှိုက် အပ်နှံခြင်း ခံခဲ့ရာ အန္တိအုတ်မြို့ဟို ပြန်သွားကြအယ်။
27 အန္တိအုတ်မြို့ဟို ရောက်သောအခါ သူလို့ဟ အသင်းတော်ဝင်လို့ဟို စုရုံးစေလျက် မိမိလို့အားဖြင့် ဘုရားသခင် ပြုခဲ့သမျှသော အမှုအရာလို့ဟို လည်းကောင်း၊ ယုံကြည်ခြင်း ထင်ခါးဟို တပါးအမျိုးသားလို့အတွက် ဖွင့်ကျောန်းဟို လည်းကောင်း ပြောကြားကြအယ်။ 28 အဲပင်းရင် သူလို့ဟ တဘဲ့တော်လို့နဲ့အတူ ကြာမြင့်စွာ နေကြအယ်။
<- တမန်တော် 13တမန်တော် 15 ->
Languages