1 ငါဟ ဘုရားသခင်ရဲ့ ဆေ့နှိုက် လည်းကောင်း၊ အသက်ဆှင်သောသူလို့နဲ့ သေသောသူလို့ဟို စီရင်မဲ့ ခရစ်တော် ယေရှုရဲ့ ဆေ့နှိုက် လည်းကောင်း၊ ကိုယ်တော်ရဲ့ ပေါ်ထွန်းခြင်းနဲ့ ကိုယ်တော်ရဲ့ နိုင်ငံတော်ဟို အကျောန်းပြုယွေ့ နင့်အား အလေးအနက် တိုက်တွန်းတာဟ 2 နှုတ်ကပတ်တော်ဟို ဟောပြောလော့၊ အချိန်ဆိတာ ဖြစ်စေ၊ မဆိတာ ဖြစ်စေ၊ ကြိုးစားအားထုတ်လော့၊ အပစ်ဟို ဖော်ပြလော့၊ ဆုံးမခြင်းဟို ပြုလော့၊ ရမ်းဆာ့ဆှည်သောစိတ်နဲ့ ဩဝါဒမျိုးဟို ပေးယွေ့ တိုက်တွန်းနှိုးဆော်လော့။ 3 လူလို့ဟ မန်ကန်လဲ့ ဩဝါဒဟို နားမထောင်ဘဲ ကိုယ့်အလိုဆန္ဒများဟို လိုက်ယွေ့ မိမိလို့ ကြားနာလိုလဲ့ စကားများ ပြောဆိုမဲ့ ဆရာလို့ဟို ဆှာဖွေကြမဲ့ အချိန်ကာလ ရောက်လိမ့်မယ်။ 4 သူလို့ဟ သမ္မာတရားဟို နားမထောင်ဘဲ ဒဏ္ဍာရီစကားများဟိုသာ နားထောင်ကြလိမ့်မယ်။ 5 အားပေမဲ့ နင်ဟ အရာရာနှိုက် သမ္မာသတိ ဆိလော့၊ ဆင်းရဲဒုက္ခဟို သည်းခံလော့၊ ကောင်းမြတ်သော သတင်း ဟောပြောသူ ပြုရမဲ့အမှုဟို ပြုလော့၊ ဘုရားသခင်ရဲ့ အစေခံအနေဖြင့် နင်ရဲ့ တာဝန်ဆိသမျှဟို ဆောင်ရွက်လော့။
6 ငါဟ မိမိအသက်ဟို သွန်းလောင်းပူဇော်ရမဲ့အချိန် ကျရောက်လေပီ၊ ဟေလောကမှ စွန့်ခွာရမဲ့အချိန် နီးကပ်လာပီ။ 7 ငါဟ ကောင်းသောတိုက်ပွဲဟို တိုက်ခဲ့ပီ၊ ပြေးရမဲ့လမ်းဟို အဆုံးတိုင်အောန် ပြေးခဲ့ပီ၊ ယုံကြည်ခြင်းဟို စောင့်ထိန်းခဲ့ပီ။[a] 8 အခုအခါတွင် ဖြောင့်မတ်ခြင်း သရဖူဟ ငါ့အတွက် အသင့်ဆိနေအယ်၊ အဲနေ့နှိုက် ဖြောင့်မတ်လဲ့ တရားစီရင်သူဖြစ်သော သခင်ဘုရားဟ အဲသရဖူဟို ငါ့အား ပေးလိမ့်မယ်၊ ငါ့ဟိုသာ မဟုတ်ဘဲ ကိုယ်တော်ရဲ့ ပေါ်ထွန်းခြင်းဟို လိုလားတောင့်တသူ အားလုံးလို့ဟိုလည်း ပေးလိမ့်မယ်။
14 [f]ကြေးပန်းတိမ်သမား အလက်ဇန္ဒြားဟ ငါ့ဟို ရမ်းဆာ့ ဒုက္ခပေးခဲ့အယ်၊ သခင်ဘုရားဟ သူပြုသောအမှုအတိုင်း သူ့အား ဆပ်ပေးလိမ့်မယ်။ 15 နင်ဟလည်း သူ့ဟို သတိပြုလော့၊ ပစာကို့ သူဟ ငါလို့ရဲ့ စကားဟို ပြင်းထန်စွာ ဆန့်ကျင်သောကျောန့် ဖြစ်အယ်။
16 ငါ့ရဲ့အမှုအတွက် ပထမအကြိမ် ချေပပြောဆိုရာတွင် စသူမျှ ငါ့ဘက်နှိုက် မနေဘဲ အားလုံးဟ ငါ့ဟို စွန့်ပစ်ကြအယ်။ အဲသူလို့ ဟေလိုပြုကြတာဟို အဲသူလို့ရဲ့ အပစ်အား ဘုရားသခင် မှတ်တော်မမူပါစေနဲ့၊ 17 အားပေမဲ့ သခင်ဘုရားဟ ငါနဲ့အတူ ဆိယွေ့ ငါ့ဟို ခွန်အားနဲ့ ပြေ့စုံစေသဖြင့် ငါဟ လူမျိုးခြားလို့အား နှုတ်ကပတ်တော်ဟို အကုန်အစင် ဟောပြောနိန်အယ်၊ ဟေလိုဖြင့် ငါဟ သေခြင်းမှ ကင်းလွတ်ခွင့်ဟိုလည်း ရဆိအယ်။ 18 သခင်ဘုရားဟ မကောင်းသောအမှုအလုံးစုံလို့မှ ငါ့ဟို ကယ်နုတ်ယွေ့ ခေါန်းခင်ဘုံနှိုက်ဆိသော မိမိရဲ့ နိုင်ငံတော်ထဲဟို လုံခြုံစွာ ပို့ဆောင်လိမ့်မယ်။ အဲသခင်နှိုက် ကမ္ဘာအဆက်ဆက် ဘုန်းအသရေတော် ဆိမန့်စေ၊ အာမင်။
22 သခင်ဘုရားဟ နင်ရဲ့ စိတ်ဝိညာဉ်နဲ့အတူ ဆိမန့်စေ။
- a ယုံကြည်ခြင်းဟို စောင့်ထိန်းခဲ့ပီ၊ အဲဟာမဟုတ်ရင် ငါရဲ့ ကတိဟို သစ္စာပြုအယ်။
- b ကော ၄.၁၄; ဖိလေ ၂၄; ၂ ကော ၈.၂၃; ဂလာ ၂.၃; တိ ၁.၄
- c ကော ၄.၁၄; ဖိလေ ၂၄; တ ၁၂.၁၂,၂၅; ၁၃.၁၃; ၁၅.၃၇–၃၉; ကော ၄.၁၀; ဖိလေ ၂၄
- d တ ၂၀.၄; ဧ ၆.၂၁,၂၂; ကော ၄.၇,၈
- e တ ၂၀.၆
- f ၁ တိ ၁.၂၀; ရော ၂.၆
- g တ ၁၈.၂; ၂ တိ ၁.၁၆,၁၇
- h တ ၁၉.၂၂; ရော ၁၆.၂၃; တ ၂၀.၄; ၂၁.၂၉
Languages