3 ခရစ်တော် ယေရှုရဲ့ စစ်သူရဲကောင်း တယောက်လို ငါနဲ့အတူ ဆင်းရဲဒုက္ခဟို ခံလော့။ 4 စစ်မှုထမ်းသောသူတယောက်ဟ စစ်သူရဲအရာနှိုက် မိမိဟို ခန့်ထားသောသူအား နှစ်သက်စေရန် လောကီရေးရာနဲ့ ပတ်သက်ရှုပ်ထွေးခြင်းဟို ပယ်ဆှားတတ်အယ်။ 5 စသူမဆို အားကစားပြိုင်ပွဲဟို ယှဉ်ပြိုင်သောအခါ စည်းမျဉ်းစည်းကမ်းနဲ့အညီ မယှဉ်ပြိုင်ပါဟ သရဖူဟို ရမယ် မဟုတ်။ 6 ပင်ပန်းစွာ အလုပ်လုပ်ခဲ့သော လယ်သမားဟ သီးနှံဟို ဦးရင် ခံစားရသင့်အယ်။ 7 ငါပြောဆိုသောအရာဟို ဆင်ခြင်လော့၊ ပစာကို့ အဲအရာဟို နားလည်စေရန် သခင်ဘုရားဟ နင့်အား ကူညီလိမ့်မယ်။
8 ငါဟောပြောသော သတင်းကောင်းအရ ဒါဝိဒ်မင်းမှ ဆင်းသက်ယွေ့ သေခြင်းမှ ဆှင်ပြန်ထမြောက်သော ယေရှု ခရစ်တော်ဟို သတိရလော့။ 9 ငါဟ ဟေသတင်းကောင်းအတွက် ရာဇဝတ်သားလို တုတ်ချေခြင်း ခံရလဲ့တိုင်အောန် ဆင်းရဲဒုက္ခဟို ခံရအယ်။ အားပေမဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟ တုတ်ချေခြင်း ခံရတာ မဟုတ်။ 10 အဲကျောန့် ငါဟ ဘုရားသခင် ရွေးကောက်သော လူစုတော်ရဲ့အတွက် စလို ဒုက္ခဆင်းရဲဟို မဆိုခံအယ်၊ ဟေလိုခံခြင်းမှာ သူလို့ဟလည်း ထာဝရ ဘုန်းအသရေနဲ့တကွ ယေရှု ခရစ်တော်အားဖြင့် ကယ်တင်ခြင်းဟို ခံရစေရန် ဖြစ်အယ်။ 11 ဟေစကားဟ သစ္စာစကား ဖြစ်အယ်၊
20 ကြီးမားသော နေအိုင်နှိုက် ဆွေတန်ဆာ၊ ငွေတန်ဆာသာ ဆိတာ မဟုတ်၊ သစ်သားတန်ဆာနဲ့ မြေတန်ဆာလည်း ဆိအယ်၊ အသရေဆိသောတန်ဆာနဲ့ အသရေမဆိသောတန်ဆာလည်း ဆိအယ်။ 21 အဲလိုမို့ အထက်ဆိုခဲ့ပင်းသော အကျင့်လို့ဟို ပယ်ယွေ့ မိမိတတ်တိုင်း စင်ကြယ်စေသောသူဟ အသရေဆိသော တန်ဆာ၊ သန့်ဆှင်းယွေ့ အိုင်ဆှင် သုံးစရာကောင်းသော တန်ဆာ၊ ကောင်းသောအမှုများအတွက် ပြင်ဆင်သောတန်ဆာ ဖြစ်လိမ့်မယ်။ 22 အဲကျောန့် နင်ဟ အောန်နီလို့ရဲ့ တပ်မက်ခြင်းများဟို ဆှောင်ယွေ့ ဖြောင့်မတ်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်းနဲ့ ငြိမ်သက်ခြင်းလို့ဟို စင်ကြယ်သော စိတ်နေလုံးဖြင့် သခင်ဘုရားဟို ခေါ်သောသူလို့နဲ့ အသင့်အတင့်နေခြင်းလို့ဟို မှီအောန်လိုက်လော့။ 23 အားပေမဲ့ ပညာမဲ့သော အငြင်းပွားမှုဟ ခိုက်ရန် ဖြစ်ပွားစေတတ်တာဟု သိမှတ်လျက် ဆှောင်ဆှားလော့။ 24 သခင်ဘုရားရဲ့ အစေခံဟ ခိုက်ရန် မဖြစ်ရ။ သူဟ လူအပေါင်းလို့အပေါ် ဖြည်းညင်းသောသဘော ဆိယွေ့ သင်ကြားပေးနိန်စွမ်းဆိသောသူ၊ မတရားသဖြင့် ခံရခြင်းဟို သည်းခံတတ်သောသူ ဖြစ်ပင်း 25 မိမိအား ဆန့်ကျင်ဘက်ပြုသောသူလို့ဟို နူးညံ့သိမ်မွေ့စွာ ဆုံးမတတ်သူ ဖြစ်ရမယ်၊ သူလို့ဟ နောင်တရယွေ့ သမ္မာတရားအား သိဆိလာနိန်ခွင့်ဟို ဘုရားသခင်ဟ သူလို့အား ပေးကောင်းပေးလိမ့်မယ်။ 26 အဲအခါ သူလို့ဟ အမြင်မန်ရဆိလာပင်း မာရ်နတ်ရဲ့ ကျော့ကွင်းမှ လွတ်မြောက်ကြလိမ့်မယ်၊ မာရ်နတ်ဟ မိမိအလိုအတိုင်း လိုက်နာစေရန် သူလို့အား ဖမ်းဆီးထားခဲ့အယ်။
<- ၂ တိမောသေ 1၂ တိမောသေ 3 ->- a မ ၁၀.၃၃; လု ၁၂.၉
Languages