၂ သက်သာလောနိတ် သက်သာလောနိတ် အသင်းတော်ဟို ပေါလုရဲ့ ဒုတိယပေးစာ နိဒါန်း သက်သာလောနိတ် အသင်းတော်ဟို ပေါလုရဲ့ ဒုတိယပေးစာ အား တမန်တော် ပေါလု ရေးသားခဲ့အယ် (၁.၁)။ ခရစ်တော် မွေးဖွားပင်း ၅၁ ခုနှစ်ဝန်းကျင်တွင်၊ သက်သာလောနိတ် ပထမပေးစာ ရေးသားပင်းနောက် မကြာမီအချိန်တွင် ဟေစာဟို ရေးခဲ့အယ်။ ပေါလုဟ သူရဲ့ ဒုတိယ သာသနာပြုခရီးတွင် တည်ထောင်ခဲ့သော သက်သာလောနိတ် အသင်းတော်ဟို ဟေစာကို ရေးသောအခါ ကောရိန့်မြို့တွင် ဆိနေဆဲ ဖြစ်အယ် (တ ၁၇.၁–၁၀)။ အဲအသင်းတော်ဟို ယုဒအချို့နဲ့ ဟေလသလူမျိုးများစွာဖြင့် ဖွဲ့စည်းထားကျောန်း တမန်တော်လို့ရဲ့ လုပ်ဆောင်ချက်များကျမ်းတွင် ဖော်ပြထားအယ်။ သက်သာလောနိတ် အသင်းတော်ဟ နောက်ဆုံးသော အချိန်ကာလနဲ့ ခရစ်တော်ရဲ့ ဒုတိယကြွလာခြင်းနဲ့ ပတ်သက်ပင်း အလေးထားကြအယ်၊ ပစာကို့ ပေါလုဟ သက်သာလောနိတ် အသင်းတော်ဟို သူရဲ့ စာ နေစောင်လုံးတွင် ၎င်းအကျောန်းကို များစွာ ရေးခဲ့အယ်။ သက်သာလောနိတ် ဒုတိယ စာစောင်ရဲ့ ထက်ဝက်နီးပါးဟ နောက်ဆုံး အချိန်ကာလများ ဖြစ်အယ်။ ပေါလုဟလည်း ပျင်းရိခြင်းကို မပြုရန် သတိပေးခဲ့အယ်။ လူတိုင်းဟ ၎င်းလို့ရဲ့ စားဝတ်နေရေးအတွက် အလုပ်လုပ်သင့်အယ် (၃.၆–၁၀)။ အကျောန်းအရာ အကျဉ်းချုပ် ၁။ ပေါလုဟ သူနဲ့ သူရဲ့ အဖော်များဟို မိတ်ဆက်ပေးခြင်းဖြင့် စာဟို စတင်အယ် (၁.၁–၂) ၂။ အဲနောက်၊ သက်သာလောနိကမြို့ဆိ အသင်းတော်အတွက် ဘုရားသခင်ဟို ကျေးဇူးတင်ပင်း သူလို့အတွက် ဆုတောင်းပေးအယ် (၁.၃–၁၂) ၃။ အခန်းကြီး ၂ တွင် ပေါလုဟ နောက်ဆုံးသော ကာလများအကျောန်းဟို ပြောထားအယ် (၂.၁–၁၇) ၄။ အဲနောက်၊ သူဟ ပျင်းရိခြင်းနဲ့ အလုပ်လုပ်ရန် လိုအပ်ကျောန်းဟို ဆန့်ကျင် ပြောဆိုအယ် (၃.၁–၁၅) ၅။ ပေါလုဟ အသင်းတော်ဟို တဖန် နှုတ်ဆက်ခြင်းဖြင့် အပီးသတ်အယ် (၃.၁၆–၁၈)
5 ဟေအရာအားလုံးဟ ဘုရားသခင်ရဲ့ တရားစီရင်ခြင်း တရားဟ မန်ကန်ကျောန်း၊ ဘုရားသခင်ရဲ့နိုင်ငံတော်အတွက် ဆင်းရဲဒုက္ခခံရသော နင်လို့ဟ အဲနိုင်ငံတော်နဲ့ ထိုက်တန်သူများဖြစ်ကျောန်းဟို ထင်ဆှားစေအယ်။ 6 ဘုရားသခင်ဟ ဖြောင့်မတ်သော အမှုဟို ပြုလိမ့်မယ်၊ နင်လို့ဟို ဒုက္ခရောက်စေသော သူလို့အပေါ် ဒုက္ခရောက်စေပင်း၊ 7 ဆင်းရဲဒုက္ခခံရသော နင်လို့အားလည်း ငါလို့လိုမျိုး သက်သာရာရစေမယ်။ သခင် ယေရှုဟ တန်ခိုးကြီးသော ခေါန်းခင်တမန်များနဲ့ ခေါန်းခင်ဘုံမှ ပေါ်ထွန်းလာသောအခါ သူဟ အေးအရာများဟို ပြုလုပ်လိမ့်မယ်၊ 8 ဘုရားသခင်ဟို ငြင်းပယ်သောသူလို့နဲ့ ငါလို့ သခင် ယေရှုနဲ့ ပတ်သက်သော သတင်းကောင်းဟို မနာခံသောသူလို့အား လောင်သောမီးဖြင့် အပစ်စီရင်လိမ့်မယ်။ 9 သူလို့ဟ ထာဝရပျက်စီးခြင်းရဲ့ ဒဏ်ကို ခံစားကြရပင်း အဆှင်မျက်မှောက်တော်နဲ့ ဘုန်းကြီးသော တန်ခိုးတော်မှ ဖယ်ဆှားခြင်း ခံရကြလိမ့်မယ်၊ 10 အေးနေ့နှိုက် ကိုယ်တော်ဟ မိမိရဲ့ သန့်ဆှင်းသူလို့အားဖြင့် ဘုန်းတော် ထင်ဆှားစေခြင်းဟို ခံရပင်း ငါလို့ရဲ့ သက်သေခံချက်ဟို နင်လို့ ယုံကြည်ကြတာ ဖြစ်ယွေ့ ယုံကြည်သူအားလုံးလို့ရဲ့ အံ့ဩချီးမွန်းခြင်းဟို ခံရလိမ့်မယ်။
11 အေးကျောန့် ငါလို့ဟ နင်လို့အတွက် အမြဲဆုတောင်းပေးအယ်။ ငါလို့ရဲ့ ဘုရားသခင်ဟ နင်လို့အား အသက်ဆှင်ရန် ခေါ်လဲ့ အသက်နဲ့ ထိုက်တန်စေရန် ငါလို့ တောင်းဆိုအယ်။ ကိုယ်တော်ဟ နင်လို့ရဲ့ ကောင်းမြတ်သော အမှုဟို ပြုချင်သော စေတနာစိတ်ဆိသမျှနဲ့ ယုံကြည်ခြင်းနဲ့ဆိုင်သော လုပ်ဆောင်သော အမှုလို့ဟို တန်ခိုးတော်အားဖြင့် နင်လို့နှိုက် ပြေ့စုံပါစေသော။ 12 အေးနည်းအားဖြင့် ငါလို့ရဲ့ ဘုရားသခင်နဲ့ သခင်[b]ယေရှု ခရစ်တော်ရဲ့ ကျေးဇူးတော်အားဖြင့် ငါလို့ သခင် ယေရှုရဲ့နာမတော်ဟ နင်လို့နှိုက် ဘုန်းထင်ဆှားစေခြင်းဟို ခံရလျက်၊ နင်လို့ဟလည်း ကိုယ်တော်နှိုက် ဘုန်းတော်ထင်ဆှားစေခြင်း ခံရမယ့်အကျောန်း ဖြစ်အယ်။
၂ သက်သာလောနိတ် 2 ->
Languages