1 ချစ်မိတ်ဆွေလို့၊ ဟေကတိတော်များဟ ငါလို့အတွက် ဖြစ်အယ်။ အဲလိုမို့၊ ငါလို့ဟ ကိုယ်ကာယ အဲဟာမဟုတ်ရင် စိတ်ဝိညာဉ်လို့ရဲ့ အညစ်အကြေး ဆိသမျှလို့မှ မိမိလို့တတ်တိုင်း စင်ကြယ်စေယွေ့ ဘုရားသခင်ဟို ကြောက်ရွံ့ခြင်းအားဖြင့် မိမိလို့ကိုယ်ဟို သန့်ဆှင်းခြင်းနဲ့ ပြေ့စုံကြကုန်စို့။
5 [a]မာကေဒေါနိပြေဟို ရောက်ပင်းလဲ့နောက်မှာတောင်၊ ကိုယ်ကာယဟ အနားယူရန် အခွင့်မဆိပါဝူး။ အရပ်ရပ်တွင် အခက်ခဲများ ဆိအယ်၊ အခြားသူတွေနဲ့ အငြင်းပွားမှုများ ဆိအယ်၊ ငါလို့ နေလုံးသားထဲနှိုက်လည်း ကြောက်စိတ် ဆိအယ်။ 6 အားပေမဲ့ အားငယ်သောသူလို့ဟို နှစ်သိမ့်သော ဘုရားသခင်ဟ တိတု ရောက်ဆိလာခြင်းအားဖြင့် ငါလို့ဟို နှစ်သိမ့်ပေးအယ်။ 7 တိတု ရောက်ဆိလာခြင်းအားဖြင့် သာမက နင်လို့ဆေမှ တိတု ခံစားရသော နှစ်သိမ့်မှုအားဖြင့်လည်း နင်လို့ဟို နှစ်သိမ့်ပေးလေအယ်။ သူဟ နင်လို့သည် ငါ့ဟို စလောက် တွေ့ချင်ကျောန်း၊ စလောက် ဝမ်းနည်းလျက် ဆိကျောန်း၊ ငါ့အပေါ် စိတ်အားထက်သန်လျက် ဆိကျောန်းဟို ငါ့ဟို တိတု ပြောပြသောကျောန့် ငါဟ ပိုယွေ့ ဝမ်းမြောက်အယ်။
8 ငါရေးခဲ့တဲ့စာဟ နင်လို့ဟို ဝမ်းနည်းစေသောကျောန့်၊ ငါဟ မခင်အခါနှိုက် နောင်တဆိသော်လည်း အခုနှိုက် မဆိ။ ဟေစာဟ နင်လို့ဟို ခဏတာ ဝမ်းနည်းစေခဲ့တာဟို ငါမျော်ရလဲ့အခါ ဝမ်းနည်းမိနိန်အယ်။ 9 အခု ငါဝမ်းမြောက်လျက် ဆိအယ် အဲသို့ဆိုသော် နင်လို့ဟို ဝမ်းနည်းစေခဲ့သောကျောန့် ငါဝမ်းမြောက်တာ မဟုတ်၊ နင်လို့ရဲ့ ဝမ်းနည်းခြင်းဟ နင်လို့ဟို နောင်တရစေသောကျောန့် ဖြစ်အယ်။ အဲဝမ်းနည်းမှုဟို ဘုရားသခင် အသုံးပြုခဲ့ခြင်းကျောန့် ငါလို့ဟ နင်လို့အား ထိခိုက်နစ်နာစေခြင်း မဆိပေ။ 10 ဘုရားသခင် အသုံးပြုလဲ့ ဝမ်းနည်းခြင်းဟ ကယ်တင်ခြင်းနဲ့ ယှဉ်သော နောင်တစိတ်ဟူသော၊ မပြောင်းလဲနိန်သော နောင်တစိတ်ဟို ပြုပြင်တတ်အယ် အဲကျောန့် ဝမ်းနည်းမိလဲ့အတွက် စိတ်မကောင်း မဖြစ်သင့်။ အားပေမဲ့ လောကီဝမ်းနည်းခြင်းဟ သေခြင်းဟို ဖြစ်ပေါ်စေအယ်။ 11 နင်လို့ရဲ့ ဝမ်းနည်းမှုတွေနဲ့ ဘုရားသခင် ပစာလုပ်ခဲ့လဲဆိုတာ ကျေ့မန့်၊ နင့်ရဲ့ အပစ်ကင်းကျောန်း သက်သေပြဖို့ စလောက် စိတ်အားထက်သန် နေသလဲ။ ဟေသို့သော ဒေါသထွက်ခြင်း၊ ကြောက်ရွံ့ခြင်း၊ ရမ်းဆာ့တောင့်တခြင်း၊ စိတ်အားထက်သန်ခြင်း၊ တရားမျှတစွာ စီရင်ခြင်းလို့ဟို လိုလားကြအယ်။ နင်လို့ဟ ဟေအမှုနှိုက် အပစ်ကင်းစင်ကျောန်း နင်လို့တတ်တိုင်း အရာရာနှိုက် ထင်ဆှားစေကြပီ။
12 အဲလိုမို့ ငါဟ နင်လို့ဆေဟို ရေးသားခဲ့ခြင်းမှာ ပစ်မားသောသူကျောန့် မဟုတ် ပစ်မားခြင်း ခံရသောသူကျောန့်လည်း မဟုတ်။ ဘုရားသခင်ဆေ့နှိုက် ငါလို့အား နင်လို့ရဲ့ စလောက် စိတ်အားထက်သန်မှုထားတာဟို ကောင်းစွာ သိသာထင်ဆှားစေယွေ့ ရေးခဲ့ခြင်းဖြစ်အယ်။ 13 အဲကျောန့် ငါလို့ဟ နှစ်သိမ့်မှုဟို ခံစားရအယ်။
- a ၂ ကော ၂.၁၃
Languages