1 အကျောန်းမှာ ငါလို့ဟ မြေကြီးပေါ်မှာဆိသော ငါလို့ရဲ့ ကိုယ်ခန္ဓာနှိုက်နေသော ဟေတဲဟ ပြိုပျက်သွားသောအခါ၊ ဘုရားသခင်ဟ ငါလို့နေထိန်ရန်အတွက် ခေါန်းခင်ဘုံနှိုက် သူ့တတ်တိုင်း တည်ဆောက်ထားသော ထာဝရ နေအိုင်ဟို ငါလို့အား ပေးမယ်ဖြစ်ကျောန်း ငါလို့ သိကြအယ်။ 2 ဟေယာယီတဲတွင် နေထိန်စဉ် ခေါန်းခင် နေအိုင်ဟို ရမ်းဆာ့တောင့်တသဖြင့် ငါလို့ဟ ညည်းတွားလျက် နေကြအယ်၊ 3 ဟေသို့ ခေါန်းခင် နေအိုင်ဟို ဝင်စားသောအခါ ငါလို့ဟ ကိုယ်ခန္ဓာမဲ့ဖြစ်မယ် မဟုတ်။ 4 အကျောန်းမှာ ငါလို့ဟ ဟေယာယီတဲတွင် ဆိနေစဉ် လေးလံသောဝန်ဟို ထမ်းယွေ့ ညည်းတွားကြအယ်၊ အဲသို့ ညည်းတွားကြခြင်းမှာ ဟေတဲဟို ချွတ်ပယ်လိုယွေ့ မဟုတ်ဘဲ၊ သေကြေပျက်စီးတတ်သောအရာဟို ထာဝစဉ် အသက်ဆှင်လဲ့အရာသို့ ပြောင်းလဲစေရန် ခေါန်းခင် ကိုယ်ခန္ဓာဟို ရဆိစေလိုယွေ့ ဖြစ်အယ်။ 5 ဘုရားသခင်ဟ ငါလို့အား ဟေပြောင်းလဲမှုအတွက် ပြင်ဆင်ပေးသော သူဖြစ်ပင်း၊ ငါလို့အတွက် သိုမှီးထားသမျှအားလုံးဟို အာမခံချက်အဖြစ် သူရဲ့ ဝိညာဉ်တော်ဟို ငါလို့အား ပေးလေအယ်။
6 အဲလိုမို့ ငါလို့ဟ အစဉ်ရဲရင့်သောစိတ် ဆိကြအယ်။ ငါလို့ဟ ကိုယ်ခန္ဓာ နေအိုင်နှိုက် ဆိနေသရွေ့ သခင်ဘုရားရဲ့ အိုင်တော်နဲ့ ဝေးကွာနေကျောန်း ငါလို့ သိကြအယ်။ 7 အကျောန်းမှာ ငါလို့ဟ အမြင်အားဖြင့် မဟုတ်ဘဲ၊ ယုံကြည်ခြင်းအားဖြင့် အသက်ဆှင် ဆှောက်လှမ်းကြအယ်။ 8 ငါဆိုတာဟ၊ ငါလို့ဟ ယုံကြည်မှုဆိပင်း ကိုယ်ခန္ဓာမှ ကွာလျက် သခင်ဘုရားနဲ့ အတူဆိနေရန် သာယွေ့ အလိုဆိကြအယ်။ 9 အဲလိုမို့ ငါလို့ဟ ကိုယ်ခန္ဓာနှိုက် ဆိတာဖြစ်စေ အဲဟာမဟုတ်ရင် ဝေးကွာလျက်ဆိတာ ဖြစ်စေ ကိုယ်တော် နှစ်သက်စေရန်အတွက် ငါလို့ရဲ့ ပန်းတိုင်ဟို ထားဆိအယ်။ 10 [a]အကျောန်းမှာ ငါလို့ဆိသမျှဟ ခရစ်တော်ရဲ့ တရားပလ္လင်ဆေ့နှိုက် ထင်ဆှားရမယ်။ ငါလို့ဟ ငါလို့ရဲ့ ကိုယ်ခန္ဓာ နေအိုင်နှိုက် ဆိနေစဉ် ငါလို့ပြုခဲ့လဲ့ ကောင်းသောအမှု အဲဟာမဟုတ်ရင် မကောင်းသောအမှုလို့အတွက် ထိုက်သင့်သော အကျိုးအပစ်ဟို ငါလို့ အသီးသီးခံရကြလိမ့်မယ်။
16 အဲကျောန့် ငါလို့ဟ စသူ့ဟိုမျှ လူ့စံနှုန်းများဖြင့် တရားမစီရင်တော့ပါ။ တချိန်ဟ ငါလို့ဟ ခရစ်တော်ဟို လူ့စံနှုန်းများနဲ့အညီ တရားစီရင်ခဲ့သော်လည်း အခုခါနှိုက် အဲသို့ မပြုတော့ပါ။ 17 အဲကျောန့် စသူမဆို ခရစ်တော်နှိုက်ဆိရင် အသစ်ဖန်ဆင်းခံရသူ ဖြစ်အယ်၊ ဟောင်းသောအရာလို့ဟ ကွယ်ပျောက်သွားယွေ့ ခပ်သိမ်းသောအရာလို့ဟို အသစ်ဖြစ်ကြပီ။ 18 ဟေအရာအားလုံးဟို ဘုရားသခင် ပြုအယ်၊ ဘုရားသခင်ဟ ငါလို့အား မိမိရဲ့ ရန်သူများအဖြစ်မှ မိတ်ဆွေများအဖြစ်ဟို ခရစ်တော်အားဖြင့် ပြောင်းလဲစေပင်း အခြားသောသူလို့ဟိုလည်း မိမိရဲ့ မိတ်ဆွေများ ဖြစ်လာစေရန် ဆောင်ရွက်လဲ့အလုပ်ဟို ငါလို့အား ပေးလေအယ်။ 19 ငါလို့ရဲ့ သတင်းစကားမှာ ဘုရားသခင်ဟ ခရစ်တော်အားဖြင့် လူသားအားလုံးဟို သူရဲ့ မိတ်ဆွေ ဖြစ်စေခဲ့အယ်။[b] ဘုရားသခင်ဟ လူသားလို့ရဲ့ အပစ်များဟို မှတ်မထားဘဲ၊ လူသားလို့အား မိတ်ဆွေဖွဲ့ပုံအကျောန်းဟို ပြောပြလဲ့ သတင်းစကားဟို ငါလို့အား ပေးသနားအယ်။
20 အဲကျောန့် ဘုရားသခင်ဟ ငါလို့မှတဆင့် တိုက်တွန်းတာဖြစ်ယွေ့ ငါလို့ဟ ခရစ်တော်ရဲ့ သံတမန်များ ဖြစ်ကြအယ်။ အဲကျောန့် “ဘုရားသခင်နဲ့ ပြန်လည်သင့်မြတ်ကြလော” ဟု ခရစ်တော်ရဲ့ ကိုယ်စား ငါလို့ တောင်းပန်အယ်။ 21 ဘုရားသခင်ဟ အပစ်နဲ့ ကင်းစင်သောသူဟို ငါလို့အတွက်ကျောန့် အပစ်ဆိသောသူ ဖြစ်စေအယ်၊ ဟေဟာဟ ငါလို့သည် အဲသူအားဖြင့် ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်း ဖြစ်လာမဲ့အကျောန်း ဖြစ်အယ်။
<- ၂ ကောရိန္သု 4၂ ကောရိန္သု 6 ->
Languages