7 ငါမျော်ရသော အံ့ဖွယ်သော ရူပါရုံများကျောန့် ငါ့ကိုယ်ဟို အထင်မကြီးစေရန် ငါဟ မိမိကိုယ်ခန္ဓာတွင် နာကျင်သော ဝေဒနာဟို ခံစားနေရအယ်။ အဲအရာဟ စာတန်ရဲ့ တမန်လို ငါ့ဟို ဒဏ်ခတ်ယွေ့ ငါ့ရဲ့ မာန်မာနဟို ချိုးနှိမ်အယ်။ 8 ဟေကိစ္စနဲ့ ပတ်သက်ယွေ့ ၎င်းဟို ငါ့ဆေမှ ဖယ်ဆှားပေးမဲ့အကျောန်း သခင်ဘုရားထံ သုံးကြိမ်တိုင်တိုင် ငါ တောင်းဆှောက်ခဲ့အယ်။ 9 အားပေမဲ့ ကိုယ်တော်ဟ “ငါရဲ့ ကျေးဇူးဟ နင့်အတွက် လုံလောက်အယ်၊ အကျောန်းမှာ ငါရဲ့ တန်ခိုးဟ အားနည်းခြင်းအဖြစ်နှိုက် ပြေ့စုံတတ်အယ်” ဟု ငါ့အား မိန့်အယ်။ အဲကျောန့် ခရစ်တော်ရဲ့ တန်ခိုးဟ ငါ့အပေါ် တည်နေမဲ့အကျောန်း ငါဟ ငါရဲ့ အားနည်းခြင်းနှိုက် သာယွေ့ ဝမ်းမြောက်စွာ ဝါကြွားမယ်။ 10 အဲလိုမို့ ခရစ်တော်ကျောန့် ငါခံရသော အားနည်းခြင်း၊ စော်ကားခြင်း၊ ဆင်းရဲခြင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းနဲ့ အနှောင့်အယှက်လို့ဟို ငါ နှစ်သက်အယ်။ အကျောန်းမှာ ငါဟ အားနည်းသောအခါ တန်ခိုးနဲ့ ပြေ့စုံလျက် ဆိအယ်။
14 အခု ငါဟ နင်လို့ဆေဟို တတိယကြိမ်လာရန် အသင့်ဆိအယ်၊ အားပေမဲ့ နင်လို့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေမယ် မဟုတ်။ အကျောန်းမှာ ငါဟ နင်လို့ရဲ့ ဥစ္စာများဟို အလိုဆိတာ မဟုတ်၊ နင်လို့ဟိုသာ အလိုဆိအယ်။ လူပဲ့သငယ်လို့ဟ မိဘလို့အတွက် စုဆောင်းရတာ မဟုတ်ဘဲ မိဘလို့ဟသာ လူပဲ့သငယ်လို့အတွက် စုဆောင်းရအယ်။ 15 ငါဟ နင်လို့ဟို ကူညီရန် ဝမ်းမြောက်စွာ မိမိတတ်တိုင်းဟို လည်းကောင်း မိမိရဲ့ ဥစ္စာနဲ့ အားအင်ကုန်ခန်းစေမယ်။ ငါဟ နင်လို့ဟို ဟေမျှချစ်ရင် နင်လို့ဟ ငါ့ဟို လျော့ယွေ့ ချစ်ကြမယ်လော။
16 ငါဟ နင်လို့အား ဝန်မလေးစေခဲ့ကျောန်းဟို နင်လို့ ဝန်ခံကြလိမ့်မယ်။ အားပေမဲ့ ငါဟ ပရိယာယ်ဖြင့် နင်လို့အား လိမ်လည်လှည့်စားခဲ့တာဟု တစုံတယောက်ဟ စွပ်စွဲလိမ့်မယ်။ 17 နင်လို့ဆေဟို ငါစေလွှတ်ခဲ့လဲ့သူများထဲမှ တစုံတယောက်အားဖြင့် နင်လို့ဟို ငါအမြတ်ထုတ်ခဲ့ဖူးသလော။ 18 ငါဟ တိတုဟို နင်လို့ဆေသို့ လာရန် တိုက်တွန်းယွေ့ သူနဲ့အတူ ယုံကြည်သူတဦးဟို စေလွှတ်ခဲ့အယ်။ တိတုဟ နင်လို့ဟို အမြတ်ထုတ်ခဲ့သလော။ ငါလို့ဟ တူညီသော စိတ်သဘောဖြင့် ခြေရာတထပ်တည်း ဆှောက်လှမ်းခဲ့တာ မဟုတ်လော။
19 ငါလို့ဟ နင်လို့ဆေ့နှိုက် မိမိလို့တတ်တိုင်း ကာကွယ်ပြောဆိုနေကြတာဟု တချိန်လုံး နင်လို့ ထင်မှတ်နေကြသလော။ ငါလို့ဟ ဘုရားသခင် ဆေ့နှိုက် ခရစ်တော်ဟို အမှီပြုယွေ့ ပြောဆိုနေကြအယ်၊ ချစ်သောသူလို့၊ အရာအားလုံးဟ နင်လို့ရဲ့ တည်ဆောက်စရာအတွက် ဖြစ်အယ်။ 20 ငါရောက်သောအခါ အကျောန်းတစုံတခုကျောန့် ငါတွေ့မျော်လိုလဲ့ အခြေအနေမျိုးတွင် နင်လို့အား မတွေ့ရမယ်ဟို လည်းကောင်း၊ နင်လို့ဟလည်း မိမိလို့ မျော်လိုလဲ့ အခြေအနေတွင် ငါလို့အား တွေ့ရကြမယ်ဟို လည်းကောင်း ခိုက်ရန်ဖြစ်ခြင်း၊ မနာလိုခြင်း၊ အမျက်ထွက်ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ စော်ကားပြောဆိုခြင်း၊ အတင်းအဖျင်း ပြောဆိုခြင်း၊ မာနထောင်လွှားခြင်းနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းလို့ဟို ငါတွေ့ရမယ်ဟို စိုးရိမ်မိအယ်။ 21 နောက်တဖန် နင်လို့ဆေဟို လာသောအခါ ငါရဲ့ ဘုရားသခင်ဟ ငါ့အား နင်လို့ဆေ့နှိုက် ငါ့ဟို နှိမ့်ချယွေ့ မခင်ဟ အပစ်ကျူးလွန်ခဲ့လျက်ပင် မိမိလို့ ပြုကျင့်ခဲ့လဲ့ ညစ်ညမ်းခြင်း၊ မတရားသော မေထုန်ပြုခြင်းနဲ့ ကာမဂုဏ်လိုက်စားခြင်းလို့ဟို နောင်တမရသေးသောသူ များစွာဆိလဲ့အတွက် ငါ ဝမ်းနည်းကြေကွဲရမယ်ဟိုလည်း စိုးရိမ်အယ်။
<- ၂ ကောရိန္သု 11၂ ကောရိန္သု 13 ->
Languages