7 နင်လို့ဟ အပြင်ပန်းသဏ္ဌာန်ဟိုသာ ကျေ့ကြအယ်။ စသူမဆို မိမိတတ်တိုင်း ခရစ်တော်နဲ့ ဆိုင်သောသူဖြစ်အယ်ဟု ယုံမှတ်ရင်၊ သူဟ ခရစ်တော်နဲ့ ဆိုင်သောသူဖြစ်သလို ငါလို့ဟလည်း ခရစ်တော်နဲ့ ဆိုင်သောသူဖြစ်ကျောန်းဟို သူ့တတ်တိုင်း ပြန်လည်ဆင်ခြင်သိမှတ်စေ။ 8 အကျောန်းမှာ နင်လို့ဟို ဖြိုဖျက်ရန်အတွက် မဟုတ်ဘဲ တည်ဆောက်ရန်အတွက် သခင်ဘုရား ပေးသော ငါလို့ရဲ့ အခွင့်အာဏာနဲ့ ပတ်သက်ယွေ့ ငါဟ ကတစ်ပိုယွေ့ ဝါကြွားမိရင်ပင် ဆှက်ကြောက်မယ် မဟုတ်။ 9 ငါဟ နင်လို့ဟို စာများဖြင့် ခြောက်လှန့်နေအယ်ဟု မထင်စေလို။ 10 လူအချို့ဟ “ပေါလုရဲ့ စာများဟ ပြင်းထန်ယွေ့ အာဏာပါလဲ့ စာများဖြစ်အယ်၊ အားပေမဲ့ သူဟ ငါလို့နဲ့ ကိုယ်ခန္ဓာအားဖြင့် တွေ့ရသောအခါ သူဟ အားနည်းပင်း၊ သူရဲ့ အဟောအပြောဟာလည်း အချည်းနှီးသောစကား ဖြစ်အယ်” ဟု ပြောလိမ့်မယ်။ 11 ငါလို့ဟ အဝေးနှိုက် ဆိနေစဉ် စာနှိုက် ရေးလိုက်လဲ့စကားအတိုင်း တတ်တိုင်း ရောက်လာသောအခါနှိုက်လည်း ပြုမယ်ဖြစ်ကျောန်း အဲသူ သိမှတ်စေ။
12 ငါလို့ဟ မိမိတတ်တိုင်း အဆင့်အတန်း ခွဲခြားခြင်း အဲဟာမဟုတ်ရင် မိမိတတ်တိုင်း ရမ်းဆာ့ အကဲဖြတ်သူများနဲ့ နှိုင်းယှဉ်ဝံ့မယ် မဟုတ်။ စလောက် မိုက်မဲကြသလဲ၊ ကိုယ့်စံနှုန်းတွေနဲ့ တိုင်းတာပင်း ကိုယ့်စံနှုန်းနဲ့ကိုယ် စီရင်ဆုံးဖြတ်ကြအယ်။ 13 အားပေမဲ့ ငါလို့ဟ မိမိလို့ အတိုင်းအတာဟို ကျော်လွန်ယွေ့ ဝါကြွားကြမယ် မဟုတ်၊ ငါလို့အား ဘုရားသခင် သတ်မှတ်ပေးသော နယ်ပယ်ရဲ့ အတိုင်းအတာ တည်းဟူသော နင်လို့ဆေသို့တိုင်အောန် ရောက်ဆိလာလဲ့ အတိုင်းအတာနဲ့အညီ ဝါကြွားမယ်။ 14 ငါလို့ဟ နင်လို့ဆေဟို မရောက်နိန်သလို မိမိတတ်တိုင်းဟို အတင်းဆန့်တန်းနေတာ မဟုတ်၊ အကျောန်းမှာ ငါလို့ဟ ခရစ်တော်ရဲ့ သတင်းကောင်းဟို ယူဆောင်ရာနှိုက် နင်လို့ဆေဟို ရောက်လာခဲ့ကြအယ်။ 15 အဲလိုမို့ ငါလို့ဟ ဘုရားသခင် သတ်မှတ်ပေးလဲ့ လုပ်ငန်းအတွက်မှ လွဲယွေ့ သူတပါးလို့ရဲ့ လုပ်ဆောင်ချက်များအတွက် ဝါကြွားခြင်းမပြု၊ နင်လို့ရဲ့ ယုံကြည်ခြင်း တိုးပွားလာတာနဲ့အမျှ နင်လို့အတွက် ဘုရားသခင် သတ်မှတ်ပေးလဲ့ နယ်ပယ်အတွင်း နင်လို့ထံတွင် အမှုတော်လို့ဟို ပိုမိုကျယ်ပြန့်နိန်ရန် မျော်လင့်အယ်။ 16 အဲပင်းရင် ငါလို့ဟ နင်လို့ရဲ့ ဒေသဟို ကျော်လွန်ယွေ့ အခြားဒေသသစ်များတွင် သတင်းကောင်းဟို ဟောပြောနိန်သဖြင့် သူတပါးလို့ရဲ့ နယ်ပယ်အတွင်းနှိုက် ပီးစီးခဲ့လဲ့ ဆောင်ရွက်ချက်များအတွက် ငါလို့ ဝါကြွားခြင်း မပြုပေ။
17 အားပေမဲ့ ကျမ်းစာတွင် “ဝါကြွားလိုသောသူဟ သခင်ဘုရား ပြုသောအမှုအတွက်သာ ဝါကြွားစေ” ဟု ပြောအယ်။ 18 အကျောန်းမှာ သခင်ဘုရား နှစ်သက်သောသူဟ မိမိတတ်တိုင်း ချီးမြှောက်သောသူ မဟုတ်၊ ကိုယ်တော်ဟ ချီးမြှောက်သောသူဖြစ်ကျောန့် ဖြစ်အယ်။
<- ၂ ကောရိန္သု 9၂ ကောရိန္သု 11 ->
Languages