၂ ကောရိန္သု ကောရိန္သု အသင်းတော်ဟို ပေါလုရဲ့ ဒုတိယပေးစာ နိဒါန်း ကောရိန္သု အသင်းတော်ဟို ပေါလုရဲ့ ဒုတိယပေးစာ အား ခရစ်တော်မွေးဖွားပင်းနောက် ၅၅–၅၆ ခုနှစ်ဝန်းကျင်တွင် တမန်တော်ပေါလုဟ ရေးသားခဲ့အယ် (၁.၁)။ အဲဒါဟ ကောရိန့်မြို့ဆိ အသင်းတော်ဟို ပေါလု ရေးခဲ့သော စာနေစောင်အနက်မှ ဒုတိယမြောက် ဖြစ်အယ်။ ပေါလုဟ မခင် ကောရိန့်မြို့သားများဆေ ပြင်းထန်သော စာတစောင် ရေးသားခဲ့ဖူးတာဟု ပညာဆှင်များဟ ယုံကြည်ကြအယ်။ ၂.၃–၄ တွင် သူရည်ညွှန်းသော ကူးယူထားသော ဟေစာစောင်များ ငါလို့တွင် မဆိပါ။ ကောရိန္သု ဒုတိယပေးစာဟို ပေါလုဟ မာကေဒေါနိ (မက်ဆီဒိုးနီးယား) ပြေနှိုက် ဆိနေစဉ်တွင် ရေးမှတ်ထားတာဟ ဖြစ်နိန်ချေ ဆိအယ် (၂.၁၃)။ ကောရိန္သု ဒုတိယစာစောင်ဟ ရမ်းဆာ့ ကိုယ်ရေးကိုယ်တာနဲ့ စိတ်ခံစားမှုဆိုင်ရာ စာဖြစ်သောကျောန့် ထူးခြားအယ်။ ပေါလုဟ ကောရိန့်မြို့ဆိ အသင်းတော်အကျောန်း တိတုဆေမှ ရဆိသော သတင်းကောင်းအတွက် ဝမ်းမြောက်ကျောန်း ဖော်ပြအယ်။ ဟေစာထဲမှာ၊ ပေါလုဟ ယေရုရှလင်မြို့နှိုက် ယုံကြည်သူများအား ကူညီရန် ငွေစုဆောင်းခြင်းအတွက် လမ်းညွှန်ပေးလဲ့၊ ဓမ္မသစ်ရှုထောင့်မှ ပေးကမ်းခြင်းဆိုင်ရာ အသေးစိတ် သွန်သင်ချက်ဟို ငါလို့ တွေ့ဆိရအယ် (၈—၉)။ အသင်းတော် ပြင်ပမှ တမန်တော် အတုအယောင်အချို့ဟ ပေါလုအား အသင်းတော်ဆိ လူအချို့ရဲ့ ရန်ငြိုးဖွဲ့မှုဟို အသုံးချ နေကြပုံရအယ်။ သူလို့ဟ ပေါလုရဲ့ အခွင့်အာဏာအပေါ် သံသယဝင်နေကြအယ်၊ ၎င်းဟ ယေရှုခရစ်ရဲ့ တမန်တော်အဖြစ် သူရဲ့ အခွင့်အာဏာဟို ခိုင်ခိုင်မာမာ အတည်ပြုရန် လှုံဆော်ခံရခြင်း ဖြစ်နိန်အယ်ဟု ကောရိန္သု ဒုတိယပေးစာတွင် အဆုံးသတ်ထားအယ်။ အကျောန်းအရာ အကျဉ်းချုပ် ၁။ ပေါလုဟ အသင်းတော်ဟို နှုတ်ဆက်စကားဖြင့် သူရဲ့ စာဟို စတင်ခဲ့အယ် (၁.၁–၇) ၂။ အဲပင်းနောက်၊ ပေါလုဟ သူရဲ့ ခရီးသွား အစီစဉ် ပြောင်းလဲမှုအကျောန်းနဲ့ သူလို့နဲ့ ပတ်သက်သော သူရဆိခဲ့လဲ့ အစီရင်ခံစာနဲ့ သူရဲ့ မခင်စာတွင် သူလို့ရဲ့ ပြန်လည် ဖော်ပြချက်အကျောန်းဟို ဆွေးနွေးအယ် (၁.၈—၇.၁၆) ၃။ အဲပင်းနောက်၊ ပေါလုဟ ယေရုရှလင်မြို့နှိုက် ယုံကြည်သူများအတွက် ငွေစုဆောင်းခြင်းဆိုင်ရာ ညွှန်ကြားချက်များ ပေးအယ် (၈.၁—၉.၁၅) ၄။ နောက်ဆုံး၊ ပေါလုဟ သူရဲ့ တမန်တော်ဖြစ်ခြင်းအတွက် ခုခံကာကွယ်ပေးကာ သူရဲ့ နောက်တကြိမ် လည်ပတ်မှုနဲ့ ပတ်သက်ယွေ့ သတိပေးချက်လို့ဟို ပြုအယ် (၁၀.၁—၁၃.၁၀)
8 [b]ညီအကိုလို့၊ အာရှပြေမှာ ငါလို့ ကြုံတွေ့ခဲ့ရသော ဆင်းရဲဒုက္ခအကျောန်းတွေဟို နင်လို့အား ပြန်လည် သတိရစေလိုအယ်။ ငါလို့အပေါ်မှာ ချထားသော ဝန်ထုပ်ဝန်ပိုးများဟ ရမ်းဆာ့ ကြီးမားပင်း လေးလံလွန်းသဖြင့် အသက်ဆှင်နိန်ရန် မျော်လင့်ချက်အားလုံးဟို စွန့်လွှတ်လိုက်ကြအယ်။ 9 ငါလို့ဟ သေဒဏ်စီရင်ခြင်း ခံရသူများဟု မိမိလို့တတ်တိုင်း ထင်မှတ်ကြအယ်။ အားပေမဲ့ ဟေသို့ ဖြစ်ပျက်ရခြင်းမှာ ငါလို့ဟ မိမိလို့ကိုယ်ကို အားမကိုးဘဲ သေသောသူလို့ဟို ဆှင်ပြန်ထမြောက်စေသော ဘုရားသခင်ဟို ကိုးစားကြရန် ဖြစ်အယ်။ 10 ဘုရားသခင်ဟ ဟေသို့ ကြောက်မက်ဖွယ်ကောင်းသော သေဘေးမှ[c] ငါလို့ဟို ကယ်တင်လေပီ။ နောင်တွင်လည်း ကယ်တင်လိမ့်မယ်။ ဆက်ပင်းလည်း ကယ်တင်အုန်းမယ်ဟု ကိုယ်တော်နှိုက် ငါလို့ မျော်လင့်ကြပင်း 11 နင်လို့ဟလည်း ဆုတောင်းပေးခြင်းအားဖြင့် ငါလို့ဟို ကူညီပေးကြအယ်။ အဲလိုမို့ ငါလို့အတွက် ရမ်းဆာ့သော ဆုတောင်းချက်များဟို ဖြေကြားပေးမယ် ဖြစ်ပင်း ဘုရားသခင်ဟ ငါလို့ဟို ကောင်းချီး ပေးလိမ့်မယ်။ ရမ်းဆာ့သော သူလို့ဟ ငါလို့အတွက် ကျေးဇူးတော်ဟို ချီးမွန်းခြင်းဖြင့် ကိုယ်တော်ဟို ကြွေးကြော်ကြလိမ့်မယ်။
15 ပစာကို့ ငါဟ ဟေသို့ ယုံကြည်စိတ်ချသဖြင့်၊ နင်လို့ဟ နေဆသော ကောင်းချီးဟို ခံစားရမဲ့အကျောန်း နင့်ဟို ဦးရင် သွားကျေ့ စေချင်အယ်။ 16 [e]နင်လို့နေရာဟို ဖြတ်လျက် မာကေဒေါနိပြေဟို သွားပင်းနောက် တဖန် မာကေဒေါနိပြေမှ နင်လို့ဆေဟို ပြန်လာယွေ့ နင်လို့ရဲ့ ပို့ပေးခြင်းအားဖြင့် ယုဒပြေသို့ သွားမယ်ဟု အကြံဆိအယ်။ 17 ဟေသို့ စီစဉ်သောအခါ ငါဟ ပေါ့ပေါ့တန်တန် စီစဉ်ခဲ့သလော။ အဲဟာမဟုတ်ရင် ငါစီစဉ်သောအရာများဟို လူ့ဇာတိသဘောဖြင့် စီစဉ်ခဲ့သောကျောန့် ငါ့စကားဟ တချိန်တည်းတွင် “ဟုတ်အယ်” နဲ့ “မဟုတ်ဝူး” ဟု ဖြစ်ခဲ့သလော။ 18 ဘုရားသခင်ဟ သစ္စာနဲ့ ပြေ့စုံတာနဲ့အညီ နင်လို့အား ငါလို့ပြောသော စကားဟ တချိန်တည်းတွင် “ဟုတ်အယ်” နဲ့ “မဟုတ်ဝူး” ဟု ဖြစ်အယ်မဟုတ်။ 19 [f]အကျောန်းမှာ ငါမှစယွေ့ သိလွာနုနဲ့ တိမောသေလို့ဟ နင်လို့ထဲတွင် ဟောပြောခဲ့သော ဘုရားသခင်ရဲ့ သားတော် ယေရှု ခရစ်တော်နှိုက် “ဟုတ်အယ်” နဲ့ “မဟုတ်ဝူး” ဟု မဆိဘဲ ကိုယ်တော်နှိုက် “ဟုတ်အယ်” ဟုသာ ဆိအယ်။ 20 အကျောန်းမှာ ဘုရားသခင်ရဲ့ ကတိတော် ဆိသမျှလို့ဟ ကိုယ်တော်နှိုက် “ဟုတ်အယ်” ဟု ဖြစ်ကြအယ်။ အဲလိုမို့ ငါလို့အားဖြင့် ဘုရားသခင်ရဲ့ ဘုန်းအသရေတော် ထင်ဆှားမဲ့အကျောန်း ငါလို့ဟ “အာမင်” ဟု ကိုယ်တော်အားဖြင့် ဆိုကြအယ်။ 21 ငါလို့ဟို နင်လို့နဲ့အတူ ခရစ်တော်နှိုက် တည်မြဲစေယွေ့ ငါလို့အား ဘိသိက်ပေးသောသူဟ ဘုရားသခင် ဖြစ်အယ်၊ 22 သူရဲ့ ပိုင်ဆိုင်မှုဟို ငါလို့အပေါ်နှိုက် တံဆိပ်ခတ်ထားပင်း သူ့ရဲ့ ဝိညာဉ်တော်ဟို ငါလို့ရဲ့ စိတ်နေလုံးထဲတွင် ထည့်ထားကာ နောင်လာမဲ့အရာများဟို အာမခံပေးအယ်။
23 ငါ့စိတ်နေလုံးဟို သိသော ဘုရားသခင်ဟို ငါရဲ့ သက်သေအဖြစ် ငါ ခေါ်ဆိုအယ်။ နင်လို့ဟို ညှာတာယွေ့သာ ကောရိန့်မြို့ဟို မသွားဖို့ ငါဆုံးဖြတ်ခဲ့အယ်။ 24 နင်လို့ဟ ပစာအရာဟို ယုံကြည်ရမယ်ဟို နင်လို့အား အမိန့်ပေးရန် ငါလို့ ကြိုးစားနေခြင်း မဟုတ်၊ နင်လို့ရဲ့ ယုံကြည်ခြင်းဟ ခိုင်မာလျက် ဆိကျောန်း ငါလို့ သိကြအယ်။ အားပေမဲ့ ငါလို့ဟ နင်လို့ရဲ့ ဝမ်းမြောက်ခြင်းအတွက် နင်လို့နဲ့အတူ အလုပ်လုပ်သောသူ ဖြစ်အယ်။
၂ ကောရိန္သု 2 ->
Languages