1 ကျွန်ဖြစ်သောသူလို့ဟ မိမိလို့ရဲ့ သခင်များအား ရိုသေလေးစားထိုက်သူများဟု ခံယူရကြမယ်၊ အဲမှသာ စသူမျှ ဘုရားသခင်ရဲ့ နာမနဲ့ ငါလို့ တရားတော်ဟို ကဲ့ရဲ့ပြောဆိုလိမ့်မယ် မဟုတ်။ 2 မိမိလို့ သခင်ဟ ယုံကြည်သူဖြစ်ရင် သခင်ဟ ညီအကိုဖြစ်တာဟု ဆိုလျက် မထီမဲ့မြင် မပြုဘဲ သာယွေ့ ကောင်းစွာ အစေခံကြမန့်၊ ပစာကို့ ကောင်းသောအစေခံရဲ့ အကျိုးဟို ခံစားရသော သခင်ဟ ယုံကြည်သူ ဖြစ်ပင်း မိမိချစ်သောသူလည်း ဖြစ်အယ်။
6 အားပေမဲ့ ကျေနပ်တင်းတိမ်မှုဖြင့် ဘုရားဝတ်နှိုက် မွေ့လျော်ခြင်းဟ ကြီးစွာသော အကျိုးစီးပွားပင် ဖြစ်အယ်။ 7 အကျောန်းမှာ ငါလို့ဟ ဟေလောကထဲဟို စလိုအရာဟိုမျှ မယူလာသလို စလိုအရာဟိုမျှလည်း သယ်ယူသွားနိန်မယ် မဟုတ်။ 8 အဲလိုမို့ ငါလို့ဟ စားစရာနဲ့ ဝတ်စရာဆိရင် အဲအရာလို့နဲ့ ကျေနပ်ကြရမယ်။ 9 ချမ်းသာလိုသောသူလို့ဟ စုံစမ်းသွေးဆောင်ရာထဲဟို လည်းကောင်း၊ ထောင်ချောက်ထဲဟို လည်းကောင်း၊ လူလို့ဟို ပျက်စီးခြင်းနဲ့ ဆုံးရှုံးခြင်းတွင် နစ်မွန်းစေတတ်သော မိုက်မဲယွေ့ အန္တရာယ်ဆိလဲ့ တပ်မက်ခြင်း အမျိုးမျိုးထဲဟို လည်းကောင်း ကျရောက်တတ်ကြအယ်။ 10 အကျောန်းမှာ ငွေဟို တပ်မက်ခြင်းဟ မကောင်းမှုအလုံးစုံလို့ရဲ့ အရင်းအမြစ် ဖြစ်အယ်။ လူအချို့လို့ဟ ငွေဟို ရမ်းဆာ့တပ်မက်သဖြင့် ယုံကြည်ခြင်းလမ်းမှ လွဲချော်သွားယွေ့ ရမ်းဆာ့သော ပူပန်ခြင်း ဝေဒနာဖြင့် မိမိတတ်တိုင်း ထိုးဖောက်နာကျင်စေကြပီ။
17 ဟေလောကနှိုက် ချမ်းသာသောသူလို့ဟ မာန်မာနကြီးခြင်း၊ မမြဲသော စည်းစိမ်များအပေါ်နှိုက် မျော်လင့်အားထားခြင်း မဆိဘဲ ပျော်ရွှင်မှုအတွက် အလုံးစုံလို့ဟို ငါလို့အား ပေးသော ဘုရားသခင်အပေါ်နှိုက် မျော်လင့်အားထားကြရမယ်။ 18 သူတပါးလို့အား ကျေးဇူးပြုတတ်ကြစေရန် လည်းကောင်း၊ ကောင်းသောအကျင့်များနဲ့ ကြွယ်ဝပြေ့စုံယွေ့ ရက်ရောစွာ ဝေငှပေးကမ်းတတ်ကြစေရန် လည်းကောင်း သူလို့အား ဆုံးမသွန်သင်လော့။ 19 ဟေနည်းအားဖြင့် သူလို့ဟ အနာဂတ်အတွက် ခိုင်ခံ့လဲ့ အုတ်မြစ် တည်းဟူသော ဘဏ္ဍာဟို စုဆောင်းရာရောက်ယွေ့ စစ်မန်သော အသက်ဟို ရဆိကြလိမ့်မယ်။
20 အို တိမောသေ၊ နင်နှိုက် အပ်ထားလဲ့အရာဟို စောင့်ဆှောက်လော့။ တရားမဲ့ဖြစ်သော အလကားကား စကားပြောခြင်းနဲ့ သိပ္ပံအတတ်ဟု အလွဲခေါ်ဝေါ်သော သိပ္ပံအတတ် ဆီးတားနှောင့်ယှက်ခြင်းလို့ဟို ဆှောင်လော့၊ 21 အဲသိပ္ပံအတတ်ဟို လူအချို့လို့ဟ ဝန်ခံပြုစုသောအားဖြင့် ယုံကြည်ခြင်း လမ်းမှ လွဲကြပီ။
Languages