6 ဟေအကျောန်းအရာများဟို ညီအကိုလို့အား ညွှန်ပြရင် နင်ဟ ယုံကြည်ခြင်းနဲ့ဆိုင်သော တရားစကားနဲ့ နင်လိုက်ဆှောက်လဲ့ ကောင်းသော သွန်သင်ချက်ရဲ့ တရားစကားလို့ဖြင့် ပြုစုပျိုးထောင်ခြင်းဟို ခံရလျက် ခရစ်တော် ယေရှုရဲ့ ကောင်းသော အစေခံ ဖြစ်လိမ့်မယ်။
7 အားပေမဲ့ ဘုရားတရားနဲ့ မဆိုင်လဲ့ အနှစ်သာရကင်းမဲ့သော ဒဏ္ဍာရီများဟို ဆှောင်လော့။ ဘုရားဝတ်နှိုက် မွေ့လျော်ခြင်းအတွက် နင့်တတ်တိုင်း လေ့ကျင့်ပေးလော့။
8 အကျောန်းမှာ ကိုယ်ခန္ဓာနဲ့ဆိုင်သော လေ့ကျင့်မှုဟ ကတစ် အကျိုးဆိအယ်၊ အားပေမဲ့ ဘုရားဝတ်နှိုက် မွေ့လျော်ခြင်းမူ အခုဖဝါ့၊ နောင်ဖဝါ့နဲ့ဆိုင်သော ကတိတော် ပါဆိတာဖြစ်ယွေ့ အလုံးစုံလို့အတွက် အကျိုးဆိအယ်။
9 ဟေစကားဟ သစ္စာစကား ဖြစ်ပင်း အပြေ့အဝ လက်ခံထိုက်သော စကားဖြစ်အယ်။
10 အဲကျောန့် ငါလို့ဟ အဲအကျိုးအတွက် ရုန်းကန်
[a]ယွေ့ ကြိုးစားကြအယ်၊ ပစာကို့ လူအပေါင်းလို့ရဲ့ ကယ်တင်ဆှင်၊ အထူးသဖြင့် ယုံကြည်သူလို့ရဲ့ ကယ်တင်ဆှင်ဖြစ်သော အသက်ဆှင်လဲ့ ဘုရားသခင်ဟို ငါလို့ မျော်လင့် အားထားကြသောကျောန့် ဖြစ်အယ်။
11 ဟေအရာလို့ဟို ညွှန်ကြားလျက် သွန်သင်လော့။ 12 နင်ရဲ့ အသက်အရွယ်နုပျိုခြင်းဟို စသူမျှ မထီမဲ့မြင် မပြုစေနဲ့၊ နင်ရဲ့ အပြောအဆို၊ အသက်ဆှင်နေထိန်မှု၊ ချစ်ခြင်း၊ ယုံကြည်ခြင်းနဲ့ သန့်ဆှင်းခြင်းနှိုက် ယုံကြည်သူလို့အတွက် စံနမူနာ ဖြစ်လော့။ 13 ငါလာလဲ့တိုင်အောန် ကျမ်းစာဖတ်ခြင်း၊ တိုက်တွန်းအားပေးခြင်းနဲ့ သွန်သင်ခြင်းလို့ဟို ဂရုစိုက် လုပ်ဆောင်လော့။ 14 အသင်းတော် ခေါင်းဆောင်များရဲ့ လက်တင်ခြင်းနဲ့တကွ ပရောဖက်တွေ ဟောပြောခြင်းအားဖြင့် နင့်အပေါ် ပေးအပ်ထားယွေ့ နင်နှိုက်ဆိလဲ့ ဆုကျေးဇူးဟို လျစ်လျူမရှုနဲ့။ 15 နင်ရဲ့ တိုးပွားမှုဟ လူအပေါင်းလို့ဆေ့နှိုက် ထင်ဆှားရန် အဲအမှုအရာလို့ဟို ကြိုးစားအားထုတ်ယွေ့ ဟေအရာလို့နှိုက် မိမိတတ်တိုင်း နှစ်မြှုပ်ထားလော့။ 16 နင့်တတ်တိုင်း လည်းကောင်း၊ နင်ရဲ့ သွန်သင်ချက်ဟို လည်းကောင်း ဂရုစိုက်ယွေ့ အဲသွန်သင်ချက်လို့နှိုက် အမြဲတည်နေလော။ အကျောန်းမှာ နင်ဟ အဲလိုပြုခြင်းဖြင့် နင့်တတ်တိုင်းနဲ့ နားထောင်သောသူလို့ဟို ကယ်တင်လိမ့်မယ်ဖြစ်သောကျောန့် ဖြစ်အယ်။
<- ၁ တိမောသေ 3၁ တိမောသေ 5 ->
- a ရုန်းကန်၊ အချို့ လက်ရေးမူကျမ်းများတွင် ကဲ့ရဲ့ရှုံ့ချကြအယ်၊ ဟု ပါဆိအယ်။