၁ တိမောသေ တိမောသေဆေဟို ပေါလုရဲ့ ပထမပေးစာ နိဒါန်း တိမောသေဆေဟို ပေါလုရဲ့ ပထမပေးစာ ဟ တမန်တော် ပေါလုဆေမှ သူ့ရဲ့ တဘဲ့ တိမောသေဆေ ရေးထားသော စာဖြစ်အယ်။ တိမောသေ ပထမပေးစာဟ ခရစ်တော် မွေးဖွားပင်း ၆၂–၆၄ ခုနှစ်ခန့်တွင် တိမောသေဆေဟို ရေးသားခဲ့ခြင်း ဖြစ်နိန်အယ်။ ဟေဟာဟ ပေါလုရဲ့ အသက် ဆုံးခါနီး ဖြစ်လိမ့်မယ်။ ပေါလုဟ တိမောသေနဲ့ ရင်းနှီးသော ဆက်ဆံရေးဆိခဲ့ပင်း သူ့ဟို သားတယောက်အဖြစ် အကြိမ်ကြိမ် ရည်ညွှန်းခဲ့အယ် (ဖိ ၂.၂၂; ၁ တိ ၁.၂; ၁.၁၈)။ ဟေဟာဟ အသင်းတော်တခုရဲ့ အစား လူတဦးဆေ ပေးပို့ထားသော ပေါလုဆေမှ စာလေးစောင်အနက် တခု ဖြစ်အယ်။ ကျန်သုံးစောင်မှာ တိမောသေ ဒုတိယစောင်၊ တိတုနဲ့ ဖိလေမုန်လို့ ဖြစ်အယ်။ တိမောသေ ပထမစောင်တွင် အသင်းတော် ဝတ်ပြုရေးဆိုင်ရာ သွန်သင်ချက်များ (၂.၁–၁၅)၊ အသင်းတော် ခေါင်းဆောင်များအတွက် အရည်အချင်းများ (၃.၁–၁၃) နဲ့ မားယွင်းသော ဆရာများအကျောန်း သတိပေးချက်များစွာ (၁.၃–၁၁; ၄.၁–၅; ၆.၂–၅) ပါဝင်အယ်။ ပေါလုဟ တိမောသေအား အသင်းတော်များကြားတွင် ခေါင်းဆောင်တယောက်ဖြစ်အောန် လေ့ကျင့်ပေးပုံဟို ပေါ်လွင်စေအယ်။ တိမောသေ ပထမစောင်ဟ ငါလို့ခေတ်ဆိ အသင်းတော် ခေါင်းဆောင်များဟို ဒေသန္တရအသင်းတော်အား စီမံခန့်ခွဲရန် ကူညီပေးနိန်လဲ့ အခြေခံမူများစွာ ပါဆိအယ်။ အကျောန်းအရာ အကျဉ်းချုပ် ၁။ ပေါလုဟ တိမောသေဟို နှုတ်ဆက်ခြင်းဖြင့် စတင်အယ် (၁.၁–၂) ၂။ အဲပင်းရင်၊ သူဟ တိမောသေဟို မားယွင်းသော ဆရာများအကျောန်း သတိပေးအယ် (၁.၃–၁၁) ၃။ ပေါလုဟ ယေရှု ခရစ်တော်အတွက် စလောက် ကျေးဇူးတင်ကျောန်း ဆှင်းပြခြင်းဖြင့် ဆက်လက် ဖော်ပြအယ် (၁.၁၂–၁၉) ၄။ အဲပင်းနောက်၊ သူဟ တိမောသေဟို ဝတ်ပြုရေးနဲ့ အသင်းတော် ခေါင်းဆောင်များအကျောန်း သွန်သင်အယ် (၂.၁—၃.၁၆) ၅။ ပေါလုဟ တိမောသေဟို နောက်ဆုံး ညွှန်ကြားချက် အချို့ပေးခြင်းဖြင့် သူ့ရဲ့ စာဟို အပီးသတ်ခဲ့အယ် (၄.၁—၆.၂၁)
8 ပညတ်တရားဟို အသုံးပြုသင့်လဲ့အတိုင်း အသုံးပြုရင် ပညတ်တရားဟ ကောင်းမြတ်ကျောန်းဟို ငါလို့ သိကြအယ်။ 9 ပညတ်တရားဟ ဖြောင့်မတ်သောသူအတွက် ဆိတာမဟုတ်ဘဲ တရားမဲ့သောသူများနဲ့ နာခံမှုမဆိသောသူများ၊ ဘုရားတရားမဲ့သောသူများနဲ့ အပစ်သားများ၊ မသန့်ဆှင်းသောသူများနဲ့ ဘုရားတရားဟို မထီမဲ့မြင်ပြုသောသူများ၊ အဖဟို သတ်သောသူများနဲ့ အမေ့ဟို သတ်သောသူများ၊ လူသတ်သမားများ၊ 10 တရားနဲ့မညီမေထုန်ပြုသူများ၊ လိင်တူဆက်ဆံသူများ၊ လူကုန်ကူးသူများ၊ ဝါသောသူများ၊ မမန်မကန် သက်သေထွက်ဆိုသောသူများနဲ့ မန်ကန်ပြေ့စုံသော ဩဝါဒဟို ဆန့်ကျင်လဲ့ အခြားအရာအားလုံးအတွက် ဆိကျောန်းဟို ငါလို့ သိကြအယ်၊ 11 ဟေဟာဟ မင်္ဂလာဆိသော ဘုရားသခင်ရဲ့ ဘုန်းအသရေနဲ့ ပြေ့စုံလဲ့ ကောင်းမြတ်လဲ့သတင်းနဲ့ ကိုက်ညီအယ်၊ အဲကောင်းမြတ်သော သတင်းကောင်းဟို ငါ့အား ပေးအပ်ထားပီ။
18 ငါ့သား တိမောသေ၊ နင်နဲ့ ပတ်သက်ယွေ့ မခင် ပရောဖက်တွေ ဟောထားလဲ့အရာများနဲ့အညီ ဟေညွှန်ကြားချက်ဟို နင့်အား ငါပေးအယ်၊ ဟေဟာဟ နင်သည် ယုံကြည်ခြင်းနဲ့ ကြည်လင်သော အသိစိတ်လို့ဟို စွဲကိုင်လျက် အဲပရောဖက်တွေ ဟောထားလဲ့အရာအားဖြင့် ကောင်းသော တိုက်ပွဲဟို တိုက်ခိုက်နိန်မဲ့အကျောန်း ဖြစ်အယ်။ 19 အချို့သောသူလို့ဟ အဲကောင်းသော အသိစိတ်ဟို ပစ်လောကြလဲ့အတွက် ယုံကြည်ခြင်းအရာနှိုက် ပျက်စီးဆုံးရှုံးမှုဟို ခံရကြပီ။ 20 အဲသူလို့တွင် ဟုမေနဲနဲ့ အလက်ဇန္ဒြားလို့ ပါဝင်ကြအယ်၊ သူလို့ဟ ဘုရားသခင်ဟို ပစ်မားပြောဆိုခြင်း မပြုမဲ့အကျောန်း ဆုံးမခြင်းဟို ခံရကြရန် သူလို့ဟို စာတန်လက်ဟို ငါအပ်လိုက်အယ်။
၁ တိမောသေ 2 ->
Languages