5 အေးနည်းတူ လူငယ်လို့၊ အသင်းတော် လူကြီးများရဲ့ စကားဟို နားထောင်ကြလော့။ နင်လို့အားလုံး တယောက်အောက် တယောက် နှိမ့်ချခြင်း တန်ဆာဟို ဆင်ယင်ကြလော့။ ပစာကို့ “ဘုရားသခင်ဟ မာနထောင်လွှားသောသူလို့ဟို ဆန့်ကျင်ယွေ့ နှိမ့်ချသောသူလို့အား ကျေးဇူးတော်ဟို ခံစားစေအယ်” ဟု ကျမ်းစာဟ ဖော်ပြထားအယ်။ 6 [b]အဲလိုမို့ အချိန်တန်လာသောအခါ နင်လို့ဟို ချီးမြှောက်မဲ့အကျောန်း ဘုရားသခင်ရဲ့ တန်ခိုးကြီးသော လက်တော်အောက်နှိုက် မိမိကိုယ်ကို နှိမ့်ချကြလော့။ 7 ကိုယ်တော်ဟ နင်လို့ဟို ဂရုစိုက်တာ ဖြစ်သောကျောန့် နင်လို့ရဲ့ စိုးရိမ်ပူပန်ခြင်း ဆိသမျှလို့ဟို အထံတော်နှိုက် အပ်နှံကြလော့။
8 သမ္မာသတိဆိလျက် နိုးကြားစွာ စောင့်နေကြလော့။ နင်လို့ရဲ့ ရန်သူတည်းဟူသော မာရ်နတ်ဟ ဟောက်သော ခြင်္သေ့လိုမျိုး ဝါးမျိုရမယ့်သူဟို လှည့်လည်ဆှာဖွေလျက် ဆိအယ်။ 9 နင်လို့ဟ ယုံကြည်ခြင်းနှိုက် ခိုင်ခံ့စွာရပ်တည်လျက် အေးမာရ်နတ်ဟို တားဆီးကြလော့။ ပစာကို့ ကမ္ဘာပေါ်နှိုက်ဆိသော နင်လို့ရဲ့ ညီအကိုများဟလည်း အေးလိုမျိုးသော ဆင်းရဲဒုက္ခများဟို ရင်ဆိုင်ဖြတ်သန်းနေရကျောန်း သိမှတ်ကြလော့။ 10 နင်လို့ဟို မိမိရဲ့ ထာဝရ ဘုန်းအသရေထဲဟို ခရစ်တော် ယေရှုအားဖြင့် ခေါ်ယူသော အဆှင်၊ ကျေးဇူးတော်အပေါင်းနဲ့ ပြေ့စုံသော ဘုရားသခင် ကိုယ်တော်တိုင်ဟ ဆင်းရဲဒုက္ခဟို ခဏခံစားပင်းသော နင်လို့ဟို စုံလင်စေယွေ့ ခွန်အားနဲ့ပြေ့စုံစေကာ တည်ကြည်ခိုင်ခံ့မြဲမြံစေလိမ့်မယ်။ 11 ကိုယ်တော်ဟ ထာဝရအစဉ် တန်ခိုးကြီးပါစေသော။ အာမင်။
13 [d]ဘုရားသခင် ရွေးချယ်ခြင်းဟို နင်လို့နည်းတူ ခံရမယ့် ဗာဗုလုန်မြို့[e]အသင်းတော်ဝင်များဟ နင်လို့အား နှုတ်ဆက်လိုက်အယ်။ ငါ့သား မာကုဟလည်း နှုတ်ဆက်လိုက်အယ်။ 14 နင်လို့ အချင်းချင်း တယောက်ဟို တယောက် ခရစ်ယာန် မေတ္တာဖြင့် နမ်းလျက် နှုတ်ဆက်ကြလော့။
Languages