8 [c]ပင်တေကုတ္တေ ပွဲနေ့တိုင်အောန် ဧဖက်မြို့နှိုက် ငါနေရမယ်။ 9 ပစာကို့ ရမ်းဆာ့ကြီးသော ထင်ခါးဟ အဆင်သင့် ငါ့အား ဖွင့်လျက် ဆိအယ်။ ဆီးတားသော သူအများလည်း ဆိကြအယ်။
10 [d]တိမောသေဟ နင်လို့ဆေသို့ ရောက်ရင် သူဟ စိုးရိမ်ခြင်းအကျောန်း မဆိဘဲ၊ နင်လို့နဲ့အတူ နေစေခြင်းငှာ သတိပြုကြလော့။ သူဟ ငါကဲ့သို့ပင် သခင်ဘုရားရဲ့ အမှုတော်ဟို ဆောင်ရွက်သောသူ ဖြစ်အယ်။ 11 အဲကျောန့် စသူမျှ သူ့ဟို မထီမဲ့မြင် မပြုစေနဲ့။ သူဟ ငါ့ဆေသို့ ငြိမ်းချမ်းစွာ ပြန်ရမယ်အကျောန်း ပို့ဆောင်ခြင်း ကျေးဇူးဟို ပြုကြလော့။ သူဟ အခြားသော ညီအကိုလို့နဲ့အတူ လာလိမ့်မယ်ဟု ငါငံ့လျက် နေအယ်။
12 ငါ့ညီ အာပေါလုရဲ့ အကျောန်းမှာ သူဟ အခြား ခရစ်ယာန် ညီအကိုများနဲ့အတူ နင်လို့ဆေဟို လည်ပတ်ရန် အထူးပင် ငါ အားပေး တိုက်တွန်းခဲ့အယ်။ အားပေမဲ့ ဟေအချိန်နှိုက် သူသွားသင့်အယ်လို့ လုံးလုံး မယုံကြည်ဝူး။[e] အဲလိုမို့ သူအခွင့် သာသောအခါ သူလာလိမ့်မယ်။
15 [f]ညီအကို မောင်နှမလို့၊ သတေဖန်နဲ့ အိုင်သူအိုင်သားများဟ အခါယပြေမှ အဦးဆုံးသော ခရစ်ယာန်များ ဖြစ်ယွေ့ ဘုရားသခင်ရဲ့ လူလို့အား ကူညီမစရန် မိမိလို့ကိုယ်ကို ဆက်ကပ်ထားသူများ ဖြစ်ကျောန်း နင်လို့ သိကြအယ်။ 16 အဲသို့သော သူလို့ရဲ့ ခေါင်းဆောင်မှုဟို လည်းကောင်း၊ သူလို့နဲ့အတူ အမှုတော်ဟို ကြိုးစားယွေ့ ပါဝင် ဆောင်ရွက်ကြသော သူလို့ရဲ့ ခေါင်းဆောင်မှုဟို လည်းကောင်း၊ လက်ခံကြရန် နင်လို့အား ငါ မေတ္တာရပ်ခံအယ်။
17 သတေဖန်၊ ဖော်တုနတ်နဲ့ အခါယလို့ဟ ရောက်ဆိလာသဖြင့် ငါဝမ်းမြောက်ခြင်း ဆိအယ်။ သူလို့ဟ နင်လို့ရဲ့ ကိုယ်စား ငါ့အား ပြုစုပေးကြအယ်။ 18 သူလို့ဟ နင်လို့ရဲ့ စိတ်ဟို ရွှင်လန်းစေသလို ငါရဲ့ စိတ်ဟိုလည်း ရွှင်လန်းစေကြအယ်။ အဲသို့သောသူလို့ဟ အသိမှတ်ပြုခြင်းဟို ခံထိုက်ကြအယ်။
19 [g]အာရှပြေ အသင်းတော်များဟ နင်လို့အား နှုတ်ဆက်ကြအယ်။ အာကုလ၊ ပြစ်ကိလနဲ့ သူလို့ နေအိုင်တွင် ဝတ်ပြုကိုးကွယ်ကြလဲ့ အသင်းဝင်များဟလည်း သခင်ဘုရားရဲ့ နာမတော်နဲ့ နှုတ်ဆက်ကြအယ်။ 20 ဟေအရပ်တွင်ဆိလဲ့ ညီအကိုအပေါင်းဟလည်း နင်လို့ဟို နှုတ်ဆက်ကြအယ်။
21 ငါပေါလုဟ ဟေနှုတ်ဆက်စကားဟို ကိုယ့်လက်နဲ့ ရေးထားတာ ဖြစ်အယ်။
22 စသူမဆိုဟ သခင်ဘုရားဟို မချစ်၊ အဲသူဟ — ကျိန်စာသင့်ပါစေ။ မာရားနာ ထာ — သခင်ဘုရား ကြွလာတော်မူပါ။
23 သခင် ယေရှုရဲ့ ကျေးဇူးတော်ဟ နင်လို့အတူ ဆိစေမန့်။
24 ငါရဲ့ ချစ်ခြင်းမေတ္တာဟ ခရစ်တော် ယေရှုနှိုက် နင်လို့အပေါင်းနဲ့အတူ ဆိစေမန့်။ အာမင်။
<- ၁ ကောရိန္သု 15
Languages