5 နင်လို့ဆိသမျှဟ အခြားသော ဘာသာစကားဖြင့် ပြောစေခြင်းငှာ ငါ အလိုဆိအယ်။ အားပေမဲ့ ပရောဖက်ပြုစေခြင်းငှာ သာယွေ့ အလိုဆိအယ်။ အကျောန်းမှာ အခြားသော ဘာသာစကားဖြင့် ပြောသောသူဟ အသင်းတော်ဟို တည်ဆောက်ခြင်းငှာ အနက်ဟို မဖော်ပြရင် သူ့ထက် ပရောဖက်ပြုသောသူဟ သာယွေ့ မြတ်အယ်။ 6 ညီအကို မောင်နှမလို့၊ ငါဟ နင်လို့ဆိရာသို့ လာယွေ့ အခြားသော ဘာသာစကားဖြင့် ဟောပြောသော်လည်း၊ ဘုရားသခင်ရဲ့ ဗျာဒိတ်တော်ဟို ပြန်ခြင်း၊ ပညာအတတ်ဟို သင်ခြင်း၊ ပရောဖက်ပြုခြင်း၊ ဆုံးမဩဝါဒပေးခြင်း တခုခုဟို မပြုဘဲလျက်၊ နင်လို့အား ပြောရင် စလို အကျိုးဆိမလုန်း။
7 ပုလွေ အဲဟာမဟုတ်ရင် စောင်းကောက်ကဲ့သို့သော သက်မဲ့တူရိယာများဟို ကျေ့လော့။ အဲတူရိယာများမှ တေးသံများ ပီသစွာ ထွက်ပေါ်ယွေ့ မလာရင် စသူဟ အေးတူရိယာလို့ရဲ့ တေးသွားဟို သိနိန်မလုန်း။ 8 တံပိုးခရာဟလည်း မမန်သော အသံနဲ့ မြည်ရင်၊ စသူဟ တိုက်ပွဲအတွက် ပြင်ဆင်လိမ့်မလုန်း။ 9 အဲတိုင်းတိုင်းပင် နင်လို့ဟ နားမလည်နိန်သော စကားဟို အခြားသော ဘာသာစကားဖြင့် ပြောဆိုရင် ပြောဆိုသောအရာများဟို စလို သိနိန်မလုန်း။ နင်လို့ဟ လေဟို အလကားကား ဖြုန်းတီးနေခြင်းသာ ဖြစ်လိမ့်မယ်။ 10 ကမ္ဘာပေါ်တွင် ဘာသာစကားအမျိုးပေါင်း များစွာဆိသော်လည်း ဆိသမျှလို့ဟ အဓိပ္ပာယ်ကင်းမဲ့တာ ဟူယွေ့ မဆိ။ 11 အားပေမဲ့ ငါနားမလည်လဲ့ ဘာသာစကားဟို ပြောဆိုသူဟ ငါ့အဖို့ လူမျိုးခြား ဖြစ်အယ်။ ငါဟလည်း သူ့အဖို့ လူမျိုးခြား ဖြစ်လိမ့်မယ်။ 12 အဲလိုမို့ နင်လို့ဟ ဝိညာဉ်ဆုကျေးဇူးများဟို လိုလားတောင့်တကြလဲ့အတွက် အသင်းတော်ဟို တည်ဆောက်ခြင်းငှာ ကြွယ်ဝပြေ့စုံမဲ့အကျောန်း ကြိုးစားကြလော့။
13 အဲကျောန့် အခြားသော ဘာသာစကားဟို ပြန်ပြောသောသူဟ အနက်ဟိုလည်း ဖော်ပြနိန်မဲ့အကျောန်း ဆုတောင်းလော့။ 14 အကျောန်းမှာ ငါဟ အခြားသော ဘာသာစကားဖြင့် ဆုတောင်းရင် ငါရဲ့ စိတ်ဝိညာဉ်ဟ ဆုတောင်းသော်လည်း ငါရဲ့ အသိစိတ်မှာ အကျိုးမပေး။ 15 အဲလိုမို့ စလို ငါ ပြုရမလုန်း။ ငါဟ စိတ်ဝိညာဉ်အားဖြင့် ဆုတောင်းရမယ်၊ အသိဉာဏ်အားဖြင့်နဲ့လည်း ဆုတောင်းရမယ်။ စိတ်ဝိညာဉ်အားဖြင့် သီချင်းဆိုရမယ်။ အသိစိတ်အားဖြင့်လည်း သီဆိုရမယ်။ 16 နင်လို့ဟ စိတ်နေလုံးအားဖြင့် သာလျှင် ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ချီးမွန်းယွေ့ ဆုတောင်းပြုရင် ပရိသတ် ဝတ်ပြုခြင်းနှိုက် သာမန်လူတယောက်ဟ နင်လို့ ပြောဆိုသမျှ စကားများဟို နားမလည်နိန်သဖြင့် ပစာသို့ နင်လို့ရဲ့ ဆုတောင်းဟို “အာမင်” ဟု ဝန်ခံနိန်မလုန်း။ 17 နင်ဟ ကျေးဇူးတော်ဟို ကောင်းမွန်စွာ ချီးမွန်းတာ မန်အယ်။ အားပေမဲ့ အခြားသူမှာ တည်ဆောက်ခြင်း အကျိုးမဆိ။
18 ငါဟ နင်လို့ ဆိသမျှထက်၊ အခြားသော ဘာသာစကားဖြင့် ဟောပြောသောအရာဟို ထောက်ယွေ့ ဘုရားသခင်ဟို ကျေးဇူးတင်အယ်။ 19 အားပေမဲ့ အသင်းတော်နှိုက် အခြားသော ဘာသာစကားဖြင့် စကားအထောင်အသောင်းဟို ပြောနိန်တာထက်၊ သူတပါးလို့ဟို သွန်သင်ခြင်းငှာ စကားငါးခွန်းဟို ဉာဏ်နဲ့တကွ ပြောနိန်သောအခွင့်ဟို သာယွေ့ အလိုဆိအယ်။
20 ညီအကို မောင်နှမလို့၊ နင်လို့ဟ စဉ်းစားဆင်ခြင်မှုတွင် လူပဲ့သငယ်များလို မဖြစ်ကြနဲ့။ မတရားသောအမှုနှိုက် လူပဲ့သငယ်များလို ဖြစ်ကြလော့။ အားပေမဲ့ စဉ်းစားဆင်ခြင်မှုတွင်မူ အသက်ရွယ် ရင့်ကျက်သူများ ဖြစ်ကြလော့။ 21 ကျမ်းစာတော်တွင်
23 အဲကျောန့် အသင်းဝင်သူအပေါင်းလို့ဟ စည်းဝေးယွေ့ အခြားသော ဘာသာစကားဖြင့် ဟောပြောလျက် နေကြစဉ်တွင် မယုံကြည်သောသူ၊ သာမန်လူလို့ဟ ဝင်လာရင် နင်လို့ဟို သူရူးဖြစ်ကြတာဟု ပြောမယ် မဟုတ်လော။ 24 အားပေမဲ့ အသင်းဝင်သောသူအပေါင်းလို့ဟ ပရောဖက်ပြုယွေ့ နေကြစဉ်တွင် မယုံကြည်သောသူ အဲဟာမဟုတ်ရင် သာမန်လူလို့ဟ ဝင်လာရင်၊ နင်လို့ ဟောပြောလဲ့ တရားစကားကျောန့် မိမိလို့ အပစ်ဟို ဖော်ပြယွေ့ မိမိလို့တတ်တိုင်း စစ်ကြောစီရင်ကြလိမ့်မယ်။ 25 သူရဲ့ စိတ်နေလုံးနှိုက် မထင်ဆှားသောအရာလို့ဟ ထင်ဆှားပြန်ယွေ့ သူဟ ပျပ်ဝပ်လျက် “ဘုရားသခင်ဟ နင်လို့တွင် အမန်ဆိအယ်” ဟု ဘုရားသခင်ဟို ကိုးကွယ်လိမ့်မယ်။
36 ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟ နင်လို့ဆေမှ ထွက်လာသလော။ အဲဟာမဟုတ်ရင် နင်လို့ဆေဟိုသာ နှုတ်ကပတ်တော် ရောက်ဆိလာသလော။ 37 တစုံတယောက်ဟ မိမိကိုယ်ကို ပရောဖက် အဲဟာမဟုတ်ရင် ဝိညာဉ်ဆုကျေးဇူး ရဆိသောသူဖြစ်တာဟု ထင်မှတ်ရင် နင်လို့ဆေ ငါရေးလိုက်သော အကျောန်းအရာလို့ဟ သခင်ဘုရားရဲ့ ပညတ်ဖြစ်ကျောန်းဟို သူဟ သိမှတ်ရမယ်။ 38 အားပေမဲ့ စသူမဆို ဟေအရာဟို အသိမှတ် မပြုရင် အဲသူ့ဟ အသိမှတ်ပြုခြင်း ခံရမှာ မဟုတ်။
39 အဲလိုမို့ ညီအကို မောင်နှမလို့၊ နင်လို့ဟ ပရောဖက်ပြု ဟောပြောရန် လိုလားတောင့်တကြလော့။ အခြားသော ဘာသာစကား ပြောဆိုခြင်းဟိုလည်း မတားမြစ်ကြနဲ့။ 40 ခပ်သိမ်းသောအမှုလို့ဟို တင့်တယ်လျောက်ပတ်စွာ စနစ်တကျ လုပ်ဆောင်ကြလော့။
<- ၁ ကောရိန္သု 13၁ ကောရိန္သု 15 ->
Languages