1 [a]ငါဟ ခရစ်တော်နည်းတူ ကျင့်သလို နင်လို့ဟလည်း ငါ့တိုင်းတိုင်း ကျင့်ကြလော့။
13 မိန်းမဟ ဦးခေါင်းဟို မဖုံးဘဲ ဘုရားသခင်ဟို ဆုတောင်းရင် လျောက်ပတ်တာ မလျောက်ပတ်တာဟို နင်လို့တတ်တိုင်း ဆင်ခြင်ကြလော့။ 14 ယောက်ျားဟ ဆှည်သော ဆံပင်ဆိလျှင် ဆှက်ဖွယ်သောအကျောန်း ဖြစ်တာဟို နင်လို့အား သဘာဝတရားအားဖြင့် ဆုံးမထားတာ မဟုတ်လော။ 15 မိန်းမဟတော့ ဆှည်သော ဆံပင် ဆိရင်၊ သူမရဲ့ ဘုန်းအသရေ ဖြစ်အယ်။ အကျောန်းမှာ ဆှည်သောဆံပင်ဟို ခြုံထည်အဖြစ် သူမဟို ပေးထားခြင်း ဖြစ်အယ်။ 16 အားပေမဲ့ တစုံတယောက်သောသူဟ ဒီကိစ္စဟို ငြင်းခုံချင်ရင်တော့ ငါလို့နဲ့ ဘုရားသခင်ရဲ့ အသင်းတော်တွေမှာ ကိုးကွယ်သော အလေ့အထ မဆိဝူးလို့ ဆိုလေအယ်။
17 အားပေမဲ့ သူလို့ဟ အကျိုးဟို ပြုစုခြင်းငှာ စည်းဝေးကြတာ မဟုတ်၊ အကျိုးဟို နည်းစေခြင်းငှာ စည်းဝေးကြတာ ဖြစ်ယွေ့ ငါဟ ပညတ်ထားစဉ်တွင် နင်လို့ဟို မချီးမွန်း။ 18 ပထမအကျောန်းမှာ၊ နင်လို့ဟ အသင်းတော်နှိုက် စည်းဝေးကြသောအခါ အချင်းချင်းကွဲပြားခြင်း ဆိတာဟို ငါကြားရအယ်။ ကြားရလဲ့အတိုင်း အချို့တဝက် မန်လိမ့်မယ်ဟု ငါယုံကြည်အယ်။ 19 နင်လို့တွင် စိတ်ဝမ်းကွဲပြားမှုဟ ဆိတာ မန်အယ်။ အဲလိုမို့ အမန်ဘက်တွင် ဆိသောသူများဟို ပေါ်လွင် ထင်ဆှားစေမယ်။ 20 နင်လို့ဟ စုရုံးကြသောအခါ သခင်ဘုရားရဲ့ ပွဲတော်မင်္ဂလာ ဝင်ရန်အတွက် မဟုတ်။ 21 အကျောန်းမှာ နင်လို့ဟ စားကြတာဟ ကိုယ်စီကိုယ်စီ မိမိအစာဟို အရင်ယူယွေ့ တချို့ဟ မွတ်လျက်၊ အခြားဟ သေသောက်ကြူးလျက် ဆိကြအယ်။ 22 နင်လို့ဟ စားသောက်ရန် ကိုယ့်နေအိုင် မဆိသလော။ အဲဟာမဟုတ်ရင် ဘုရားသခင်ရဲ့ အသင်းတော်ဟို ရှုတ်ချယွေ့ ဆင်းရဲသူလို့အား အဆှက်ခွဲ လိုကြသလော။ နင်လို့အား စလို ပြောရမှာလုန်း။ နင်လို့ဟို ငါဟ ချီးမွန်းရမယ်လော။ ဟေကိစ္စတွင် ပစာနည်းနဲ့မျှ မချီးမွန်းနိန်။
23 အကျောန်းမှာ သခင်ဘုရားဆေမှ ငါ ခံယူရဆိသောအရာဟို နင်လို့အား ငါ ပေးအပ်အယ်။ ဟေအရာမှာ သခင် ယေရှုဟ သူ့ဟို အပ်နှံခြင်း ခံရသော ညနှိုက် မုန့်ဟို ယူယွေ့၊ 24 ကျေးဇူးတော်ဟို ချီးမွန်းပင်းမှ မုန့်ဟို ဖဲ့ယွေ့ “ဟေမုန့်ဟ နင်လို့အတွက် စွန့်သော ငါရဲ့ ကိုယ်ခန္ဓာ ဖြစ်အယ်။ ငါ့ဟို သတိရစေခြင်းငှာ ဟေသို့ပြုကြလော့” ဟု မိန့်လေအယ်။ 25 အဲတိုင်းတိုင်း ညစာစားပင်းနောက် စပျစ်ယေ မုတ်ဟို ယူယွေ့ “ဟေမုတ်ဟ ငါရဲ့ သွေးနဲ့ တံဆိပ်ခတ်သော ဘုရားသခင်ရဲ့ ပဋိညာဉ်သစ် ဖြစ်အယ်။ ဟေမုတ်မှ စပျစ်ယေဟို သောက်လဲ့အခါတိုင်း ငါ့ဟို သတိရခြင်းငှာ သောက်ကြလော့” ဟု မိန့်လေအယ်။
26 နင်လို့ဟ အဲမုန့်ဟို စားယွေ့ ဟေမုတ်မှ စပျစ်ယေဟို သောက်လဲ့အခါတိုင်း သခင်ဘုရားရဲ့ အသေခံကျောန်းဟို ကိုယ်တော် ကြွလာချိန်တိုင်အောန် ကြေညာကြအယ်။ 27 သူ့ဟို မရိုသေဘဲ သခင်ဘုရားရဲ့ မုန့်ဟို စားယွေ့ ကိုယ်တော်ရဲ့ မုတ်မှ စပျစ်ယေဟို သောက်သောသူဟ သခင်ဘုရားရဲ့ ကိုယ်ခန္ဓာနဲ့ အသွေးတော်ဟို ပစ်မားရာ ရောက်အယ်။ 28 အဲကျောန့် လူတိုင်း မိမိတတ်တိုင်းဟို စစ်ဆေးပင်းမှ မုန့်ဟို စားယွေ့ မုတ်မှ စပျစ်ယေဟို သောက်စေ။ 29 မုန့်ဟို စားယွေ့ မုတ်မှ စပျစ်ယေဟို သောက်သောအခါ သခင်ဘုရားရဲ့ ကိုယ်ခန္ဓာ အနက်အဓိပ္ပာယ်ဟို မသိမနားလည်သောသူဟ မိမိအပေါ်သို့ အပစ်ဒဏ် ကျရောက်စေရန် စားသောက်သောသူ ဖြစ်အယ်။ 30 အဲအကျောန်းကျောန့် နင်လို့အထဲတွင် အားနည်းသောသူ၊ မကျန်းမာသူအများ ဆိကြအယ်။ သေသောသူအများလည်း ဆိကြအယ်။ 31 ငါလို့ဟ မိမိလို့တတ်တိုင်းဟို ဦးရင် စစ်ဆေးကြမယ် ဆိုရင် ဟေသို့ ဘုရားသခင်ရဲ့ စီရင်ခြင်းဟို ခံရကြလိမ့်မယ် မဟုတ်။ 32 အားပေမဲ့ ငါလို့အား ဟေသို့ သခင်ဘုရားအားဖြင့် စီရင်ခြင်းမှာ ငါလို့အား လောကီသားလို့နဲ့အတူ အပစ်ဒဏ် မခံရစေရန် ဆုံးမခြင်း ဖြစ်အယ်။
33 အဲကျောန့် ညီအကို မောင်နှမလို့၊ သခင်ဘုရားရဲ့ ပွဲတော်မင်္ဂလာဟို ဝင်ရန် စုဝေးကြသောအခါ တယောက်ဟိုတယောက် ငံ့ကြလော့။ 34 နင်လို့ စုဝေးကြသောအခါ ဘုရားသခင်ရဲ့ အပစ်ဒဏ် စီရင်ခြင်းနဲ့ ကင်းလွတ်နိန်စေရန် မွတ်သောသူဟ မိမိနေအိုင်တွင် စားသောက်စေ။ အခြားကိစ္စများနဲ့ ပတ်သက်ယွေ့ ငါလာလဲ့အခါ ဖြေဆှင်းမယ်။
<- ၁ ကောရိန္သု 10၁ ကောရိန္သု 12 ->- a ၁ ကော ၄.၁၆; ဖိ ၃.၁၇
Languages