၁ ကောရိန္သု ကောရိန္သု အသင်းတော်ဟို ပေါလုရဲ့ ပထမပေးစာ နိဒါန်း ကောရိန္သု အသင်းတော်ဟို ပေါလုရဲ့ ပထမပေးစာ အား ခရစ်တော်မွေးဖွားပင်း ၅၅ ခုနှစ်ခန့်တွင် တမန်တော်ပေါလုဟ ရေးသားခဲ့အယ် (၁.၁)။ ဟေအရာမှာ ကောရိန့်မြို့ဆိ အသင်းတော်ဆေ ပေါလု ရေးခဲ့သော စာနေစောင်အနက်မှ ပထမဆုံးစာ ဖြစ်အယ်။ မာကေဒေါနိသို့ သွားရာခရီးနှိုက် သူဟ ကောရိန့်မြို့ဟို အလည်သွားရန် ရည်ရွယ်ပင်း ဧဖက်မြို့တွင် နေထိန်စဉ် ဟေစာဟို ရေးခဲ့ခြင်း ဖြစ်နိန်အယ် (၁၆.၅–၉)။ ဟေစာဟ အသင်းတော်ရဲ့ ကွဲပြားခြင်း၊ လိင်အကျင့် ယိုယွင်းခြင်း အပါအဝင် အသင်းတော်နဲ့ မကိုက်ညီသော အကျင့်စရိုက် အမျိုးမျိုးအကျောန်းဟို အသင်းတော် အဖွဲ့ဝင်အချို့ဆေမှ ပေါလု လက်ခံရဆိလဲ့ အစီရင်ခံစာအား ပြန်လည်ဖော်ပြခြင်း ဖြစ်အယ်။ ကောရိန့်မြို့ဟ ၎င်းရဲ့ လိင်အကျင့် ယိုယွင်းမှုကျောန့် လူသိများသော မြို့ဖြစ်လဲ့အတွက် အဲမြို့မှာဆိလဲ့ ကောရိန္သု အသင်းတော်ဟ ၎င်းပြဿနာများဟို ရင်ဆိုင်ရခြင်းမှာ အံ့ဩစရာ မဟုတ်ပေ။ ကောရိန္သု ပထမပေးစာတွင် ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်လဲ့ ကျော်ကြားသော အခန်း (၁၃) ပါဝင်အယ်။ အကျောန်းအရာ အကျဉ်းချုပ် ၁။ ပေါလုဟ ကောရိန့်မြို့သားလို့ဟို နှုတ်ဆက်ပင်း သူလို့အတွက် ဘုရားသခင်ဟို ကျေးဇူးတင်အယ် (၁.၁–၉) ၂။ အဲနောက်၊ သူဟ ကောရိန္သုအသင်းတော်တွင် ကွဲပြားမှုများနဲ့ ပတ်သက်ယွေ့ သူရဆိခဲ့သော အစီရင်ခံစာများဟို ပြန်လည်ဖော်ပြခဲ့အယ် (၁.၁၀—၄.၂၁) ၃။ အဲပင်းနောက်၊ သူဟ လိင်အကျင့် ယိုယွင်းမှုဆိုင်ရာ ပြဿနာများနဲ့ တရားရုံးသို့ တိုင်ကြားခြင်းများအကျောန်း ဆှင်းပြအယ် (၅.၁—၆.၂၀) ၄။ အဲပင်းနောက်၊ သူဟ လက်ထပ်ထိမ်းမြားခြင်း ကိစ္စများ၊ ရုပ်တုများဟို ယဇ်ပူဇော်ခြင်း၊ လူထုဆိုင်ရာ ဝတ်ပြုကိုးကွယ်ခြင်း၊ ဝိညာဉ်ဆုကျေးဇူးများနဲ့ ဆှင်ပြန်ထမြောက်ခြင်းဆိုင်ရာ သွန်သင်ချက် ပေးအယ် (၇.၁—၁၅.၅၈) ၅။ နောက်ဆုံးတွင်၊ သူဟ လက်တွေ့လုပ်ဆောင်ချက်နဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စအချို့ဖြင့် နိဂုံးချုပ်အယ် (၁၆.၁–၂၄)
14 [d]ကရိပ္ပုနဲ့ ဂါယုမှ လွဲယွေ့ နင်လို့အထဲမှ စသူ့ဟိုမျှ ငါဟ နှစ်ခြင်း မပေးလဲ့အတွက် ဘုရားသခင်ဟို ကျေးဇူးတင်အယ်။ 15 အဲလိုမို့ နင်လို့ဟ ငါရဲ့ နာမဟို အမှီပြုယွေ့ နှစ်ခြင်း ခံယူကြအယ်ဟု စသူမျှ မပြောနိန်။ 16 [e]သတေဖန်ရဲ့ အိုင်သူအိုင်သားလို့လည်း ငါ နှစ်ခြင်း ပေးခဲ့အယ်၊ အဲသူလို့မှ လွဲယွေ့ အခြားစသူ့ဟိုမျှ နှစ်ခြင်းပေးတာဟို ငါ မမှတ်မိ။ 17 ခရစ်တော်ဟ ငါ့ဟို နှစ်ခြင်း ပေးစေရန် စေလွှတ်တာ မဟုတ်။ ခရစ်တော်ရဲ့ လက်ဝါးကပ်တိုင်တွင် အသေခံခြင်း တန်ခိုး အလကားကား မဖြစ်စေရန် လူလို့ရဲ့ ဉာဏ်ပညာနဲ့ယှဉ်သော စကားများဟို အသုံးမပြုဘဲ သတင်းကောင်းဟို ပြောရန် ငါ့ဟို စေလွှတ်ခြင်း ဖြစ်အယ်။
21 အကျောန်းမှာ ဘုရားသခင်ရဲ့ ဉာဏ်ပညာအရ ဟေလောကဟ မိမိရဲ့ ဉာဏ်ပညာအားဖြင့် ဘုရားသခင်ဟို မသိခဲ့သောကျောန့် ဘုရားသခင်ဟ ဟောပြောခြင်းအမှုရဲ့ မိုက်မဲသောအရာအားဖြင့် ယုံကြည်သောသူလို့ဟို ကယ်တင်ရန် အလိုဆိအယ်။ 22 ယုဒလူမျိုးလို့ဟ နိမိတ်လက္ခဏာများဟို တောင်းတတ်ကြအယ်။ လူမျိုးခြားလို့ဟ ဉာဏ်ပညာဟို ဆှာတတ်ကြအယ်။ 23 ငါလို့ဟ လက်ဝါးကပ်တိုင်တွင် အသေခံသော ခရစ်တော်ရဲ့ အကျောန်းဟို ဟောပြောကြအယ်၊ အဲအကျောန်းအရာဟ ယုဒလူမျိုးလို့အတွက် မနှစ်မြို့စရာဖြစ်ပင်း လူမျိုးခြားလို့အတွက် အနက်အဓိပ္ပာယ် မဆိလဲ့အရာ ဖြစ်အယ်။ 24 အားပေမဲ့ ယုဒအမျိုးသား ဖြစ်စေ၊ လူမျိုးခြား ဖြစ်စေ၊ ခေါ်သောသူလို့နှိုက် ဘုရားသခင်ရဲ့ တန်ခိုးတော်နဲ့ ဘုရားသခင်ရဲ့ ဉာဏ်ပညာဟူသော ခရစ်တော်ရဲ့ တရား ဖြစ်အယ်။ 25 ဘုရားသခင်ရဲ့ မိုက်မဲခြင်းအရာဟ လူလို့ရဲ့ ပညာထက် ပိုယွေ့ ပညာဆိအယ်၊ ဘုရားသခင်ရဲ့ အားနည်းခြင်းအရာဟ လူလို့ရဲ့ ခွန်အားထက် ပိုယွေ့ အားကြီးအယ်။
26 ညီအကို မောင်နှမလို့၊ နင်လို့ဟို ခေါ်ခြင်းအရာဟို ဆင်ခြင်ကြလော့။ ခေါ်သောသူလို့တွင် လောကီပညာဆိအများ မပါ၊ ထင်ဆှားသော လူကြီးအများ မပါ၊ မင်းမျိုးနွယ်ဖြစ်သောသူအများ မပါ။ 27 ဘုရားသခင်ဟ ပညာဆိလို့ဟို ဆှက်ကြောက်စေရန်၊ လောကီအရာနှိုက် မိုက်မဲသောသူလို့ဟို ရွေးကောက်အယ်။ အစွမ်းသတ္တိဆိသော သူလို့ဟို ဆှက်ကြောက်စေရန် လောကီအရာနှိုက် အားနည်းသောသူလို့ဟို ရွေးကောက်လေအယ်။ 28 ဟေလောကအရာနှိုက် မြတ်သောသူလို့ဟို ဆှက်ကြောက်စေခြင်းငှါ နှိမ့်ချခြင်း ခံရသူများ၊ မထီမဲ့မြင်ပြုခြင်း ခံရသူများနဲ့ အပယ်ခံရသူများဟို ဘုရားသခင် ရွေးကောက်အယ်။ 29 အဲကျောန့် ဘုရားသခင်ဆေ့နှိုက် စသူမျှ ဝါကြွားစရာအကျောန်း မဆိ။ 30 ဘုရားသခင်ဟ နင်လို့အား ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်း ဖြစ်စေအယ်၊ ခရစ်တော်အား ငါလို့ရဲ့ ဉာဏ်ပညာ ဖြစ်စေအယ်။ ကိုယ်တော်အားဖြင့် ဘုရားသခင်ဟ ငါလို့ဟို ဖြောင့်မတ်စေယွေ့ ငါလို့ဟ ဘုရားသခင်ရဲ့ လူစုတော်ဖြစ်လျက် ရွေးနုတ်ခြင်းဟို ရဆိကြအယ်။ 31 အဲလိုမို့ ကျမ်းစာလာတာနဲ့အညီ၊ “စသူမဆို ဝါကြွားလိုရင် သခင်ဘုရားနှိုက်သာ ဝါကြွားစေ” ဟု ပြောထားအယ်။
၁ ကောရိန္သု 2 ->
Languages